မင်္ဂလာပါ…. ပျိုမဒီတို့ရေ… ဆံပင်တွေ ကောက်လိုက် ဖြောင့်လိုက် မကြာမကြာလုပ်နေလို့ ဆံသားတွေက ခြောက်သွေ့ပျက်စီးနေပြီလား? ဒီလိုဆံသားတွေကို အားပြန်ဖြည့်ဖို့အတွက် Chemical ပါဝင်တဲ့ Products တွေလည်း မသုံးချင်ဘူးဆိုရင်တော့ ငွေကုန်ကြေးကျသက်သာပြီး အနားမှာရှိတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ အိမ်မှာ DIY Hair Mask ကို  ကိုယ်တိုင် လုပ်လို့ရပါတယ်နော်။ ဒါကြောင့် သဘာဝပစ္စည်းတွေကို အသုံးပြုပြီး လွယ်လွယ်ကူကူလုပ်လို့ရအောင် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

Coconut Oil

Coconut Oil ဟာ သဘာဝအလှတရားရဲ့ အစွမ်းထက်တဲ့အရာတစ်ခုပါ။ ဆံသားတွေကို ပျော့ပျောင်းစေပြီး ခြောက်နေတဲ့ ဆံပင်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် ပေးပါတယ်။ သူ့မှာပါဝင်တဲ့ Fatty Acids က ဆံသားထဲကို အလွယ်တကူ စိမ့်ဝင်စေနိုင်ပြီး ဆံသားကြီးထွားမှုကို မြှင့်တင်ပေးတဲ့ ဗီတာမင် E နဲ့ နေရောင်ခြည်ဒဏ်ကို တားဆီးပေးတဲ့ UV Filter တို့ပါဝင်တာကြောင့်  ဆံသားခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပါတယ်။

Milk and Honey

ပျက်စီးတာကို ကုသဖို့ DIY hair mask ကိုရှာနေတာဆိုရင်တော့ နွားနို့နဲ့ ပျားရည်ရောစပ်ထားတဲ့ Hair Mask က အကောင်းဆုံးပါဘဲ။ ပျားရည်မှာပါဝင်တဲ့ Keratin က ဆံသားကို သန်မာစေပြီး အဖျားနှစ်ခွဖြစ်တာကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေပြန်လည်မွေးဖွားမှုကိုလည်း အားပေးပြီး ယားယံတာကိုလည်း သက်သာစေပါတယ်။  ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင် B12၊ သံဓာတ်နဲ့ ဇင့်ဓာတ်တို့ပါဝင်တဲ့ နို့နဲ့ ပျားရည် ပေါင်းစပ်လိုက်တဲ့အခါ  ဆံသားကို နူးညံ့ပျော့ပျောင်းစေပါတယ်။

Blend Banana and Olive Oil

ငှက်ပျောသီးက ဆံပင်ကို သန်စွမ်းစေပြီး ဦးရေပြားရဲ့ pH ကို ထိန်းညှိပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့်  မွဲခြောက်ခြောက်ဆံသားတွေကို ရေဓာတ် ဖြည့်ပေးပြီး စိုပြေစေပါတယ်။ သံလွင်ဆီမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် ဆံကေသာကို ပိုမိုတောက်ပပြီး တောက်ပြောင် စေနိုင်ပါတယ်။ ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး ကျိုးပဲ့ပျက်စီးခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Egg Yolk

ကြကဥအနှစ်မှာ ဆံပင်ပျက်စီးမှုကို ခံနိုင်ရည်ရှိစေနိုင်တဲ့ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် A နဲ့ E၊ Biotin နဲ့ Folate တို့က ဆံပင်အရှည်မြန်စေပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင် ဖြစ်စေပါတယ်။ ဦးရေပြားကိုကြက်ဥအနှစ်လိမ်းပေးတာက  ဆံပင်အမြစ်တွေကို ဗီတာမင် C ပြည့်ဝစွာရရှိစေပါတယ်။

Yogurt

ဒိန်ချဉ်မှာပါတဲ့ Lactic Acid က ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး ဆံသားကို အစိုဓာတ်ထိန်းပေးနိုင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ ဆံသားတွေကို ပိုမိုတောက်ပပြီး ပြောင်လက် တောက်ပလာစေဖို့ အတွက် သံလွင်ဆီတစ်ဇွန်းနဲ့ ဒိန်ချဉ်တစ်ခွက်ကို ရောပြီး ဆံပင်ပေါ်လိမ်းပြီး ၁၀ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။