ဒီတစ်ခါတော့ နည်းလမ်း ၄ ခုကိုပြောပြပေးမှာပါနော်။ ဆံဖျားနှစ်ခွဖြစ်တာ၊ဆံသားကြမ်းတာ၊ ဆံပင်ဖွာတာတွေဖြစ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေ ဒီပြဿနာတွေအားလုံး Goodbye လို့နှုတ်ဆက်လိုက်ကြရအောင်နော်။

တခြားဓါတုပစ္စည်းတွေမပါဘဲ သဘာဝနည်းလမ်းလေးမို့ အကုန်အကျသက်သာစေမယ့်အပြင် အကျိုးထူးစေမှာပါ။

အုန်းဆီကုထုံး

အုန်းဆီမှာ Fatty အက်ဆစ်တွကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားကိုအားဖြည့်ပေးကာ ဆံပင်ပေါက်တဲ့ Follicles လေးတွေကို သန်စွမ်းစေပါတယ်။ ဒီတော့ ဆံပင်ကျိုးမှာ ဆံပင်နှစ်ခွဖြစ်မှာ စိတ်ပူစရာမလိုတော့သလို မှိုနဲ့တခြားဘက်တီးရီးယားတွေကြောင့် ဆံသားပျက်ဆီးမှာကိုစိတ်ပူစရာမလိုတော့ပါဘူး။

ပြုလုပ်နည်း

အုန်းဆီကို နို့ပါတဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပြီး ခြောက်အောင်သုတ်လိုက်ပါ။

ပြီးရင် အုန်းဆီကို အပူပေးပါ။ အဲဒီနောက်လက်ဖဝါးပေါ်မှာ ပွတ်လိမ်းပေးပြီး ဆံပင်နဲ့ ဦးရေပြားပေါ်မှာ သေချာလိမ်းပေးပါ။ အဲဒီနောက်ငြင်သာစွာ နှိပ်နယ်ပေးပြီးရင် Shower Cap စောင်းပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။ ပြီးရင်တော့ ခေါင်းထပ်လျှော်ချပါ။ ဆီတွေလုံးဝပြောင်သွားအောင်ခေါင်းလျှော်ရည်သုံးပါ။ ပေါင်းဆေးလည်းသုံးနိုင်ပါတယ်။

ဘယ်လောက်ကြာကြာလုပ်ရမလဲ

တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ ၃ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

သံလွင်ဆီနဲ့ပျားရည်

ထူးပြီး ညွှန်းစရာလိုမယ်တော့မထင်ပါဘူး။ နှစ်မျိုးစလုံးက ဆံပင်ကိုအဟာရဓါတ်ဖြည့်ပေးပြီး သန်စွမ်းစေသလို ရေဓါတ်ဖြည့်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပျားရည်စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီစားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။

ပြီးရင် သေချာမွှေပေးပြီး ဆံပင်ကို နို့ပါတဲ့ခေါင်းလျှော်ရည်နဲ့လျှော်ချလိုက်ပါ။ ပြီးရင်စောစောက လုပ်ထားတဲ့ သံလွင်ဆီနဲ့ ပျားရည်ကို ဆံဖျားကနေ ဦးရေပြားပေါ်ထိ ငြင်သာနှံ့စပ်စွာလိမ်းပေးပါ။ Shower Cap ဆောင်းပြီး ၂ နာရီဝက်လောက်ထားပါ။ ပြီးရင်ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပြီး ခေါင်းထပ်လျှော်ချပါ။

ဘယ်လောက်ကြာကြာလုပ်ရမလဲ

တစ်ပတ်ကို ၂ ကြိမ်ပုံမှန်နဲ့ ၁ လတိတိလုပ်ပေးပါ။