နေလောင်ဒဏ်၊ လေထုညစ်ညမ်းမှု၊ လေမှုတ်စက်နဲ့ အခြားသော အကြောင်းအရင်းများကြောင့် ဆံကေသာ ပျက်စီးကျိုးကြေတတ်ပါတယ်။ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့ဆံကေသာကို သဘာဝအတိုင်း ပြန်ည်ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ပျားရည်နှင့် ကြက်ဥပေါင်းတင်နည်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥ ၁ လုံးနှင့် ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် ဆံကေသာနဲ့ ဦးရေပြားအနှံ့ သုတ်လိမ်းကာ မိနစ် ၃၀၊ ၄၀ ခန့် နှပ်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မိမိလျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးလိုက်ရုံပါပဲ။ ဒီပေါင်းတင်နည်းကို တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးရပါမယ်။

ပျားရည်၊ ရှာလကာရည်နှင့် အုန်းဆီပေါင်းတင်နည်း

ပျားရည်၊ ရှာလကာရည်နှင့် အနု်းဆီတို့ကို သင့်ဆံကေ အတိုအရှည်၊ အထူအပါးပေါ် မူတည်ပြီး အချိုးအစားအတူတူဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။

မိနစ် ၂၀ ခန့်ကြာမှာ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ မည်သည့်ဆံကေသာအတွက်မဆို အသုံးတည့်ပါတယ်။ ဆံကေသာကိုလည်း တောက်ပစေပါတယ်။

သစ်ကြမ်းပိုးခေါက်နှင့် အုန်းဆီ ပေါင်းတင်နည်း

သစ်ကြမ်းပိုးခေါက်နှင့် အုန်းဆီကို အချိုးအစားအတူတူ ရောနှောလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀၊ ၄၅ မိနစ်ခန့်ကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ် တစ်ကြိမ်ခန့် ပေါင်းတင်ပေးရုံနဲ့ လုံလောက်ပါပြီ။ ဒီပေါင်းတင်နည်းကတော့ ဆံကေသာကို အရှည်မြန်စေပြီး ကျန်းမာသန်စွမ်းစေပါတယ်။

သင့်အနေနဲ့ အခုဖော်ပြသွားတဲ့ ပေါင်းတင်နည်း သုံးမျိုးထဲက မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ်ကာ ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင် ကျန်းမာလှပတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ပါတယ်။

Source: Goodhousekeeping.com