အိမ်မှာနေရင်းနဲ့ပဲ ထူထူလေးနဲ့လှပတဲ့ ဆံသားတွေကိုပိုင်ဆိုင်ချင်ပြီလား။ မိန်းကလေးတိုင်းရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေထဲမှာ ဆံသားထူပြီးလှပတာကလည်း ပါဝင်နေတယ်ဆိုတာတော့ အမှန်ပါပဲနော်။ ဆံသားလေးတွေက နူးညံ့တောက်ပြောင်ပြီး ထူထူလေးလှနေဖို့ဆိုတာက တော်တော်လေးကိုဂရုစိုက် ပြင်ဆင်နိုင်မှရမှာပါ။ Hair Salon တွေကိုသွားပြီး အကုန်အကျခံပြီး အလှတွေပြင်နေစရာမလိုတော့ပဲ အိမ်မှာနေရင်းနဲ့ပဲ ပြင်ဆင်လို့ရမယ့် ထိရောက်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျင်းနဲ့ အုန်းဆီတို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကလည်း အိမ်မှာပဲအလွယ်တကူရှိနိုင်တဲ့ ပစ္စည်းဆိုတော့ ပျိုမေတို့လည်းလုပ်ရတာ မခက်ခဲတော့ဘူးပေါ့။ ဂျင်းအနည်းငယ်လောက်ကို အခွံတွေသေချာနွှာပြီး သေးသေးလေးတွေဖြစ်သွားအောင် လှီးပေးလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲကို အုန်းဆီတွေ ထည့်ထားပေးရမှာပဲ ဖြစ်ပါတယ်။

တကယ်လို့အုန်းဆီတွေက ခဲနေမယ်ဆိုရင်တော့ အရည်ဖြစ်သွားအောင်စောင့်ပေးဖို့လိုပါတယ်။ မီးပေါ်တင်ပြီးအပူပေးလိုက်တာတို့၊ Microwave ထဲထည့်တာမျိုးတွေကို ရှောင်ပါ။ ဒီလိုမျိုးအပူပေးပြီး လုပ်တာတွေက အုန်းဆီမှာပါဝင်နေတဲ့ အကျိုးရှိတဲ့ရလဒ်တွေကို လျော့နည်းသွားစေနိုင်ပါတယ်နော်။

ဂျင်းတွေကိုညစ်ပြီးရလာတဲ့အရည်ကို အုန်းဆီနဲ့ရောပြီး Spray ဘူးလွတ်ထဲကိုပြောင်းပြီးထည့်ထားပေးလိုက်ပါ။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာကို ရှောင်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပေးလို့လည်းရပါတယ်။ သင်သုံးတော့မယ့်အချိန်မှာ ခဲနေခဲ့မယ်ဆိုရင် ရေနွေးဇလုံထဲကို ပုလင်းစိမ်ထားပြီး အရည်ပျော်လာတာကိုစောင့်ပြီး အသုံးပြုပေးလို့ရပါတယ်။

ဂျင်းက သင့်ဆံသားတွေကို သန်မာလာပြီး တောက်ပြောင်နေစေဖို့ကူညီပေးနိုင်ပြီး အုန်းဆီကတော့ သင့်ဆံသားတွေကိုမည်းနက်ပြီး နူးညံ့လာစေဖို့အထောက်အကူပြုနေပါတယ်နော်။ ဒီအဆီလေးကို နေ့တိုင်းလိမ်းပေးပြီး ဆံသားတွေကိုဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာပြီးသန်စွမ်းတဲ့ဆံသားတွေကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်လာရစေမှာပဲဖြစ်ပါတယ်။