ရှိရင်းစွဲထက်ပိုပြီး ငယ်ရွယ်နုပျိုသွားတဲ့ပုံမျိုး ပေါက်ချင်လားဟင်။ ဘယ်သူမဆို ငယ်ရွယ်နုပျိုချင်ကြတာပါပဲ။ တစ်နေ့တခြားအသက်ကြီးလာလို့ ပေါ်လာတဲ့ အရေးအကြောင်းတွေ၊ သက်ကြီးလက္ခဏာတွေကြောင့် အရင်တုန်းကတည်းက ငါထိန်းထိန်းသိမ်းသိမ်းနေခဲ့ရင်ကောင်းသားဆိုပြီးတော့လည်း တွေးမိကြပါသေးတယ်။

ဆိုတော့ (၁၅) ရက်လောက်သုံးပြီးတာနဲ့ သိသိသာသာပြောင်းလဲသွားနိုင်တဲ့ DIY Gel လေးအကြောင်းကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ ငယ်တုန်းဂရုစိုက်ထားနိုင်တော့ ပိုကောင်းတာပေါ့။

ပါဝင်ပစ္စည်းများ

  • မုန့်ဖုတ်ဆော်ဒါ (၁) ဇွန်း
  • ပျားရည် (ဇွန်းဝက်)
  • လာဗင်ဒါဆီ (၁) စက်

၁။ အရင်ဆုံး မုန့်ဖုတ်ဆော်ဒါနဲ့ ပျားရည်ကို သမအောင်အရင်မွှေထားပါ။ သမပြီဆိုတော့မှ လာဗင်ဒါဆီတစ်စက်လောက် ချပေးလိုက်ပြီး ထပ်မွှေပါ။ ပြီးရင်တော့ ဒီတိုင်းခဏလေးထားထားလိုက်ပါ။

၂။ ဒုတိယအနေနဲ့ ရေနွေးစိမ်ထားတဲ့ပဝါကို မျက်နှာပေါ်အုပ်ပြီး (၂-၃) မိနစ်လောက် ချွေးပေါက်ဖွင့်ပေးပါ။ အဲဒီထက်မပိုပါစေနဲ့။ အသားပါးသွားရင် မုန့်ဖုတ်ဆော်ဒါတင်တဲ့အခါ စပ်တတ်ပါတယ်။

၃။ ပြီးရင်တော့ ခုနကမွှေထားတဲ့ Mask လေးကို မျက်နှာပေါ်တင်ပြီး စက်ဝိုင်းပုံအတိုင်း ဖြေးဖြေးနဲ့ညင်ညင်သာသာလေး ပွတ်ပေးပါ။ ညင်ညင်သာသာလေးပဲ ပွတ်ပါနော်။ ပွတ်ပြီးသွားတဲ့အခါ (၃-၅) မိနစ်လောက် ဒီတိုင်းထားပေးလိုက်ပါ။

၄။ နောက်ဆုံးအနေနဲ့ လိမ်းထားတာတွေအားလုံးကို ရေနွေးနွေလေးနဲ့ ပြန်ဆေးချလိုက်ပါ

၅။ အဲဒါတွေလုပ်ပြီးတဲ့အခါ မျက်နှာကနည်းနည်းရဲနေပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။

၆။ ဒီ Mask ကိုတော့ တစ်ပတ် (၁-၂) ကြိမ်ထက် ပိုမလုပ်မိပါစေနဲ့။