အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့မှာတော့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့အလှအပရေးရာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဆံကေသာအကြောင်းအရာလေးပဲ့ဖြစ်ပါတယ်။ ပျိုမေတိုင်းကတော့ ဆံပင်မကျွတ်ဘဲ ဆံကေသာရဲ့ကျန်းမာပြီး ထူထဲနက်မှောင်တာမျိုးကိုပဲ့ ပိုင်ဆိုင်ချင်ကြတာပါနော်။ ဆံပင်ကျွတ်တာဟာ မိန်းကလေးတိုင်း ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုဖြစ်ပြီး လူတိုင်းမကြုံတွေ့ချင်ဆုံးပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်လွန်းလို့ စိတ်ညစ်နေရတဲ့ ပျိုမေလေးတွေအတွက် သဘာဝတရားကပေးတဲ့ နည်းလမ်းကောင်းလေးကို လက်တို့လိုက်ပါတယ်နော်။

ဆံပင်ခဏခဏကျွတ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို မကြာခဏမေးနေသူတွေအတွက် ဒီတခါမှာတော့ ဆံပင်ကျွတ်တာကို သိသိသာသာသက်သာသွားစေဖို့ လွယ်ကူရိုးရှင်းတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ဘာမှခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ သင့်မီးဖိုချောင်မှာ အလွယ်တကူရရှိတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူတွေကို အသုံးပြုပေးရမှာပဲ့ဖြစ်ပါတယ်။ ဗောက်တွေကိုရော ဆံပင်ကျွတ်တာကိုပါသက်သာစေပြီး ဆံကေသာကို သဘာဝအတိုင်း တောက်ပြောင်လာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သွန်နီ ၄ လုံး
  • ကြက်သွန်ဖြူ ၆ မွှာ
  • ရေ ခွက်တစ်ဝက်

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကိုလည်း အခွံနွှာပါ။ ကြက်သွန်နီရော ကြက်သွန်ဖြူကိုပါ အတုံးသေးသေးလေးလှီးလိုက်ပါ။

ပြီးရင်တော့ ကြိတ်စက်ထဲထည့်ပြီး ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။ ပြီးရင်သေချာလေး ကြိတ်ပေးလိုက်ပြီး သင့်ရဲ့ ဆံပင်အမြစ်ဖျားလေးတွေကို သေချာနှံစပ်သွားအောင် လိမ်းလိုက်ပါ။

မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။

အဲဒီနောက် ခေါင်းကိုသေချာလျှော်ပေးပါ။ တစ်ပတ် ၂ ကြိမ်လုပ်နိုင်ပါတယ်။

ကြက်သွန်နီနဲ့ အဆီ

ပါဝင်ပစ္စည်း

  • ကြက်သွန်နီ ၂ လုံး
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။ ပြီးရင်တော့ ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပေးလိုက်ပါ။ အဲဒီနောက် အုန်းဆီနဲ့ သံလွင်ဆီတို့ကိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

သင့်ရဲ့ ဆံပင်အမြစ်လေးတွေကို နှံ့အောင်လိမ်းပေးလိုက်ပြီး မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။ အဲဒီနောက် ခေါင်းသေချာလျှော်ချပေးလိုက်ပါ။

တစ်ပတ် ၂ ကြိမ်လုပ်ပေးရပါမယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာ တစ်ခုကို လိုက်လုပ်ပေးနိုင်ပါတယ်နော်။