အားလုံးပဲ မင်္ဂလာပါ၊ မိန်းကလေးတွေအဖို့ ဝက်ခြံပေါက်တယ်ဆိုတာကတော့ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဟိုတစ်ဖု ဒီတစ်ဖုနဲ့ တကယ်ပဲ အလှဖျက်နေကြတာပါ။ ဝက်ခြံပေါက်ပြီးသွားတာနဲ့တင် ကျေနပ်ပြီလားဆိုတော့ မကျေနပ်သေးပါဘူး၊ အမဲစက်နဲ့အမာရွတ်တွေက ကျန်ခဲ့ပါသေးတယ်။ အဲ့ဒီအမဲစက်နဲ့ အမာရွတ်တွေကို ဖျောက်ဖျက်ပေးပြီး ချောမွတ်တဲ့ အသားအရေလေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝမျက်နှာပေါင်းတင်နည်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။

လိမ္မော်ခွံနဲ့ ပေါင်းတင်မယ်

Photo Source: www.suchiherbals.com

ပါဝင်ပစ္စည်းတွေကတော့ လိမ္မော်ခွံနဲ့ နွားနို့တို့ပဲဖြစ်ပါတယ်။ အခြောက်ခံထားတဲ့ လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီးတဲ့အခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းရ ရပါမယ်။ ရလာတဲ့ အမှုန့်ကို နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်ကို သုတ်လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ လက္ခဏာကိုမြင်တွေ့ရမှာပါ။

သစ်ကြမ်းပိုးခေါက်၊ ပျားရည်နဲ့ ပေါင်းတင်မယ်

Photo Source: www.naadengcafe.com

သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ် ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီမျက်နှာပေါင်းတင်နည်းကိုလည်း တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်ပေးပါ။

ရှားစောင်းလက်ပတ်၊ သံပုရိုရည်နဲ့ ပေါင်းတင်ကြမယ်

Photo Source: tipsandbeauty.com

ရှားစောင်းလက်ပတ်ဂျယ်အနည်းငယ်ကို လတ်လတ်ဆတ်ဆတ်ညစ်ထားတဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နဲ့ ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ် အသာအယာသုတ်လိမ်းလိုက်ပြီး ၁၀ မိနစ်ခန့် ကြာမှ ကြက်သီးနွေးရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ အသားအရေကို ရေဓာတ်ပြန်လည်ထိန်းသိမ်းထားနိုင်ဖို့အတွက် Moisturizer ခရင်မ် ပြန်လည်အသုံးပြုပေးပါ။ ဒီမျက်နှာပေါင်းတင်နည်းကိုတော့ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

ပန်းသီးရှာလကာရည်နဲ့ ပျားရည်

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို လက်ဖက်စိမ်းအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ အရင် ရောလိုက်ပါ။ ပြီးရင် သကြား လက်ဖက်ရည် ဇွန်း ၅ ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးကျမှ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ပြီး သမအောင် မွှေပါ။ မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် သုတ်လိမ်း ပြီးမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းအသုံးပြုမယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။