သင်က တောက်ပစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက် ဖော်ပြမယ့် နည်းလမ်းတွေက ကိုယ့်အိမ်မှာ ကိုယ်တိုင် ဖန်တီးနိုင်မယ့် DIY နည်းလမ်း တွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက စိတ်ချရတဲ့ နည်းလမ်းတွေမို့ သင့်အတွက် အသုံးဝင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ နနွင်းမှုန့်နဲ့ Gram Flour, Rose Water Face Mask

နနွင်းမှုန့်က သင့်အသားအရေကို သဘာဝဆန်ဆန် တောက်ပစေပါတယ်။ ဝက်ခြံ အမာရွတ်တွေကို သက်သာစေပြီး အက်တီအောက်ဆီးဒင့် ကြွယ်ဝပါတယ်။ နနွင်းမှုန့် ၁ ဇွန်းကို ခွက်တစ်ခွက်ထဲ ထည့်ပေး ရပါမယ်။ Gram Flour တစ်ဇွန်းကို ထပ်ထည့်ပေးရပါမယ်။ Gram Flour က အဆီပြန်ခြင်းကို သက်သာစေပြီး ဝက်ခြံနည်းပါးစေကာ ဆဲလ်သေတွေကို ကွာကျစေနိုင်ပါတယ်။ ဒီအရောထဲကို Rose Water ၂ စက်နေ ၃ စက် ထည့်ပေးရပါမယ်။ Rose Water က ဘတ်တီးရီးယား သေစေတဲ့ စွမ်းအင်ရှိပြီး ဝက်ခြံ ဖြစ်စေတဲ့ အသားအရေကို အေးမြစေပါတယ်။ ဒါ့အပြင် အဆီထွက်တာကို လျှော့ချပေး ပါတယ်။

၂။ ကော်ဖီနဲ့ နနွင်းမှုန့် Face Mask

ကော်ဖီမှုန့် တစ်ဇွန်းကို ပန်းကန်ထဲ ထည့်ပေးရပါမယ်။ ကဖင်းဓာတ်က ရောင်ရမ်းမှုကို လျော့ကျစေပြီး မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။ နနွင်းမှုန့် တစ်ဇွန်းကတော့ Glow Skin ပိုင်ဆိုင်စေပြီး ဝက်ခြံသက်သာစေပါတယ်။ ဒီထဲကို ဒိန်ချဉ်တစ်ဇွန်း ထည့်ပေးရပါမယ်။ ဒိန်ချဉ်ကတော့ Lactic Acid ပါဝင်ပြီး ဝက်ခြံကို တိုက်ထုတ်ပေးပါတယ်။ အသား ခြောက်တာကို ပြန်လည်စိုပြေစေနိုင်ပါတယ်။

၃။ ဗာဒံစေ့အဆီ နဲ့ ငှက်ပျောသီး၊ ရှားစောင်းလတ်ပတ် Face Mask

ချေထားတဲ့ ငှက်ပျောသီးက ခြောက်သွေ့တဲ့ အသားအရေကို စိုပြေစေပြီး ဗီတာမင် အေ ကြွယ်ဝပါတယ်။ အရေပြား ကွာကျတဲ့အထိ ခြောက်သွေ့ခြင်းကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလတ်ပတ် ဂျယ်ကိုတော့ ၂ ဇွန်းထည့်ပေးရပါမယ်။ ရှားစောင်းလတ်ပတ်က နေလောင်တာ သက်သာစေပါတယ်။ အသားအရေကို စိုပြေစေပြီး ဝက်ခြံနဲ့ အယောင်အယမ်း သက်သာစေကာ အသားအရေကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ဗာဒံစေ့ဆီ တစ်ဇွန်းထည့်ရပါမယ်။ ဗာဒံစေ့အဆီက အသားပိုဖွေးလာစေနိုင်ပြီး အသားအရေ အစိုဓာတ် ထုတ်ယူမှု ကို ထိန်းညှိပေးပြီး ဘတ်တီးရီးယား သေစေနိုင်ပါတယ်။

၄။ သခွားသီး၊ ခရမ်းချဉ်သီး Face Mask

သခွားသီးက အယောင်အယမ်းသက်သာစေပြီး အက်တီအောက်ဆီးဒင့်၊ ဗီတာမင် စီနဲ့ Folic Acid ကြွယ်ဝပါတယ်။ ခရမ်းချဉ်သီးကတော့ ဗီတာမင်စီ ကြွယ်ဝပြီး အသားအရေကို တင်းရင်းစေပါတယ်။ ဒီနှစ်မျိုးလုံးကို ရောကျိတ်ပေးကာ မျက်နှာပေါ် လိမ်းရမှာပါ။

၅။ သင်္ဘောသီး Face Mask

သင်္ဘောသီးက Dry Skin ပိုင်ရှင်တို့နဲ့ သင့်တော်ပြီး ဝက်ခြံတိုက်ထုတ်ပေးနိုင်ပါတယ်။ အသားအရေမညီညာမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Oatmeal တစ်ဇွန်းကတော့ အဆီ ကို စုပ်ယူပေးပြီး ဝက်ခြံ ပျောက်စေပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ သကြားအညို တစ်ဇွန်းကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီ Exfoliate Mask က အသားအရေ ညိုမည်းမှုကို လျော့ပါးစေပြီး ငယ်ရွယ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar