ဆောင်းတွင်းရောက်တဲ့အချိန် အသားအရေက ပိုခြောက်သွေ့လာပြီး သေချာဂရုမစိုက်ဖြစ်ရင်လည်း အသားပက်တာတွေ ဖြစ်လာတတ်ပါတယ်။ လေအေးက သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေက ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်နေတယ်ဆိုရင် အလွယ်တကူအသားပတ်တာမျိုးမဖြစ်စေဘဲ ဒီလိုဆောင်းတွင်းမှာ ချောချောမွတ်မွတ်လေးဖြစ်နေစေမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ဝေမျှပေးချင်ပါတယ်။ အလွယ်တကူပြုလုပ်နိုင်ပြီး သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ဒီပေါင်းတင်နည်းတွေကို ပျိုမေတိုင်းTryကြည့်သင့်တယ်နော်။

၁။ သံလွင်ဆီ

ဆောင်းတွင်းမှာ အသားပတ်တတ်ရင် သံလွင်ဆီကို လိမ်းပေးပါ။ သံလွင်ဆီ ပါးပါးလေးလိမ်းပေးပါ။ သံလွင်ဆီကို မိတ်ကပ်ဖျတ်ဆေးအနေနဲ့လည်း ဆောင်းတွင်းမှာအသုံးပြုနိုင်ပါတယ်။

၂။ ထောပတ်သီး Mask

ထောပတ်သီးပေါတဲ့ရာသီလည်း ရောက်နေပါပြီနော်။ ဒီတော့ ထောပတ်သီး Mask လေးလုပ်ကြည့်ပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထောပတ်သီးတစ်ဝက်၊ သံလွင်ဆီတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောပြီး မျက်နှာမှာလိမ်းပေးပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးပါ။ ပြီးနောက်ရေဆေးချပါ။

၃။ ချေးချွတ်ပေးပါ

ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံလွင်ဆီ ၂ ဇွန်းနဲ့ သကြားအနည်းငယ်ဖြစ်ပါတယ်။ သကြားနဲ့သံလွင်ဆီကို သင့်မျက်နှာမှာ ညင်သာစွာပွတ်ပေးပါ။ ပြီးနောက်ရေဆေးချပါ။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းခရင်လိမ်းပေးဖို့လည်း မမေ့နဲ့နော်။

၄။ ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်ကို ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာမှာလိမ်းပေးပါ။ တစ်ညထားအိပ်ပါ။ သင့်မျက်နှာလေး ပြန်လည်စိုပြေလာတာကို တွေ့ရပါလိမ့်မယ်။