မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်ခုံးထင်းထင်းလေးတွေရှိတာက ကိုယ့်ရဲ့ မျက်နှာကျပိုပေါ်စေပြီး မျက်ဝန်းအလှကိုလည်းပိုထင်းစေတာကိုပျိုမေတို့သိပြီးသားဖြစ်မှာပါ။ များသောအားဖြင့် မျိုးရိုးလိုက်တာ ဒါမှမဟုတ် ဟော်မုန်းမညီမျှတာနဲ့ Stress များတာတွေကြောင့် မျက်ခုံးပါးတာ၊ မျက်ခုံးမွှေးကျွတ်တာတွေ ဖြစ်တတ်ပါတယ်။


မျက်ခုံးမွှေးကို သဘာဝအတိုင်းရှည်လာအောင်ပြုလုပ်ရတာက တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ဒါပေမယ့် အချို့နည်းလမ်းတွေက ကိုယ်တိုင်အချိန်ယူပြီး လုပ်နိုင်လေလေ သိသာတဲ့ရလဒ်ကိုရနိုင်လေ ဖြစ်တာကြောင့် ဒီတစ်ခေါက်မှာ သဘာဝအတိုင်း မျက်ခုံးထူစေဖို့ ကိုယ်တိုင်လုပ်နိုင်တဲ့ DIY Eyebrow Serum ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ပုံမှန်သုံးနိုင်တဲ့အပြင် ဈေးသက်သာတဲ့သဘာဝပစ္စည်းတွေ ပါဝင်တာကြောင့် ဈေးကြီးတဲ့ထုတ်ကုန်တွေမသုံးချင်တဲ့သူတွေ၊ EyeBrow Tattoo ထိုးဖို့မရဲတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

Eyebrow Serum ပြုလုပ်ဖို့ပါဝင်ပစ္စည်း (၄) မျိုးလိုအပ်ပါတယ်။ ဒါတွေကတော့ ကြက်သွန်ဖြူ၊ အုန်းဆီ၊ ကြက်ဆူဆီနဲ့ Tea Tree Oil တို့ပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူမှာ အမွှေးထွက်သန်စေတဲ့ ပရိုတင်းဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်နေပြီး အုန်းဆီက အစိုဓာတ်ဝင်စေတာကြောင့် သင့်မျက်ခုံးမွှေးနဲ့ဆံပင်စတာတွေ ကျန်းမာသန်စွမ်းလာစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။ ကြက်ဆူဆီကလည်း Hair အုံထူစေပြီး Tea Tree Oil ကတော့ အရှည်မြန်လာစေဖို့နဲ့ နူးညံ့ချောမွေ့စေဖို့ကူညီပေးမှာပါ။


ပြုလုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူကိုအရည်ထွက်အောင်ကြိတ်ချေပေးပြီး ရလာတဲ့အရည် (၁၅) စက် ကနေ အစက် (၂၀) ခန့်အထိယူပြီး ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။ ပြီးနောက် အုန်းဆီ စားပွဲတင်ဇွန်းနှစ်ဇွန်းခန့် ရောထည့်ပေးရပါမယ်။ ပြီးနောက် ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပေးပါ။ နောက်ဆုံးမှာ Tea Tree Oil (၅) စက်လောက်ထည့်ပြီးရောမွှေပေးယုံပါပဲ။ ရလာတဲ့ Serum အရည်ကို အစက်ချလို့ရတဲ့ ဘူးအလွတ်တစ်ခုထဲ ပြောင်းထည့်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ DIY Serum ပြုလုပ်မှုပြီးသွားပါပြီ။


သင့်အနေနဲ့ ဒီ Serum ကို ညတိုင်းနီးပါးလိမ်းထားနိုင်ပြီး မလိမ်းခင်မှာ Serum သုံး၊ လေးစက်ကို လက်ဖျားထိပ်နဲ့ယူပြီး လက်ပူပေးတဲ့အနေနဲ့ ပွတ်ချေပေးပါ။ ပြီးနောက် မျက်လုံးနဲ့တိုက်ရိုက်မထိအောင်ရှောင်ပြီး ကိုယ့်ရဲ့ Eyebrow ပေါ် ဖြေးဖြေးချင်းနှိပ်နယ်ပြီးလိမ်းပေးနိုင်ပါတယ်။ နောက်နေ့မနက်မှာ ရေနွေးနွေးလေးနဲ့ပြန်လည်ဆေးချပေးလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar