အခုနောက်ပိုင်းမှာတော့ မိန်းကလေးတော်တော်များများက အသားအရေလေး ကြည်လင်ဝင်းပစေဖို့ Mask လေးတွေကို သုံးလာကြတာတွေ့ရပါတယ်။ ညဘက်မှာ Mask ကပ်ပေးခြင်းကလည်း အသားအရေအတွက် တကယ့်ကိုထိရောက်ပြီး အရမ်းလည်းကောင်းပါတယ်။ ဒါပေမယ့် Budgetချွေတာချင်တဲ့ပျိုမေလေးတွေအတွက်ရော အသားအရေကြည်ကြည်တောက်တောက်နဲ့ Glowချင်တဲ့သူလေးတွေအတွက်ပါ Maskတွေကို ဈေးကြီးပေးဝယ်စရာမလိုပဲ သဘာဝနည်းလမ်းလေးနဲ့ အသုံးပြုနိုင်မယ့် Night Mask လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ကဲ…ဒါဆိုရင် သဘာဝနည်းလမ်းလေးနဲ့ ဈေးနှုန်းသက်သာတဲ့ Night Maskလုပ်နည်းလေးတွေကို ကြည့်လိုက်ရအောင်နော်…

ပျားရည်နဲ့ ခရမ်းချဉ်သီး

ဒီ Night Mask လုပ်ရမယ့်ပုံစံကတော့ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ခရမ်းချဉ်သီးအရည် – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ လိမ်းတဲ့အခါမှာလည်း မျက်နှာကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံလေး နှိပ်နယ်ပြီးလိမ်းပေးပါ။

ညအိပ်ခါနီးမှာ ဒီလိုပေါင်းတင်ပေးပြီး မနက်ရောက်မှ ရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်မှာတစ်ကြိမ်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေလေးက နူးညံ့ပြီး ကြည်လာပါတယ်။ မျက်နှာလည်း အရင်ထက်ပိုဖြူလာတာကို တွေ့ရမှာပါ။

နနွင်းမှုန့်နဲ့ ပဲမှုန့်

ဒီ Night Mask လေးရဲ့ ပြုလုပ်ပုံကတော့ နနွင်းမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပဲမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ နွားနို့ (Raw Milk) – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး ညအိပ်ယာဝင်ခါနီးရင် မျက်နှာအနှံ့လိမ်းပေးလိုက်ပါ။ မနက်ရောက်မှ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။

 

ဒီ Night Mask လေးက မျက်နှာမှရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။ တစ်ပတ်တစ်ခါပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေလေးက ကြည်လင်ပြီး ဝင်းလာတာကို တွေ့ရမှာပါ။

ဒီ Night Mask နှစ်မျိုးထဲက ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ပြုလုပ်ပေးနိုင်ပါတယ်။

Source:makeupandbeauty.com