Hair Scalp Scrub ဆိုတာကတော့ Body Scrub, Face Scrub လိုပဲ အရေပြားပေါ်က Product ကြောင့်ဖြစ်တဲ့ Buildup, အကြွင်းအကျန်တွေ၊ ဆီတွေ၊ ဗောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ပေးတဲ့ ပစ္စည်းတစ်မျိုးပါ။ ဆံသား ကျွမ်းကျင်ပညာရှင်တွေက ဆံသား ကျန်းမာနေဖို့ Scalp Scrub ကို သုံးဖို့လိုကြောင်း လက်ခံထားကြပါတယ်။ ဦးရေပြားကို Scrub လုပ်လိုက်တဲ့အခါ Hair Care ပစ္စည်းတွေ ပိုစိမ့်ဝင်စေပြီး ဆံပင်အရှည်မြန်ကာ ပျက်စီးတာ သက်သာစေပါတယ်။ သင်က အိမ်မှာပဲ ဈေးသက်သက်သာသာ Scalp Scrub ဖန်တီးချင်ရင် ဆက်ကြည့်လိုက်ပါနော်-

ရှားစောင်းလတ်ပတ် Scrub

ရှားစောင်းလတ်ပတ် ဂျယ် ၂ ဇွန်းနဲ့ သကြားညို တစ်ဇွန်းကို ရောကာ မွှေပေးရပါမယ်။ ပြီးနောက် ဆံပင် ရေစွတ်ကာ ဒီ Scrub နဲ့ စက္ကန့် အနည်းငယ် တိုက်ပြီး ရေဆေးချနိုင်ပါတယ်။

Coffee Hair Scrub

ကော်ဖီမှုန့် ၁ ဇွန်းနဲ့ သံလွင်ဆီ (၂) ဇွန်းကို ရောကာ Hair Scrub ဖန်တီးပေးရပါမယ်။ ဒီ Coffee Hair Scrub ကို ဦးရေပြားပေါ် ပွတ်ပေးပြီး ရေဆေးချရပါမယ်။

သစ်ကြမ်းခေါက်မှုန့် Scrub

သစ်ကြမ်းခေါက်မှုန့် လေးပုံပုံ တစ်ပုံနဲ့ အတူ ထပ်ရောပေးရမယ့် ပစ္စည်း ၂ မျိုးကတော့- မုန့်ဖုတ်ဆိုဒါ ၁ ဇွန်းနဲ့ သံလွင်ဆီ ၁ ဇွန်းပါ။ ဒီ Scrub ကို ဦးရေပြားပေါ် ပွတ်ပြီးနောက် ရေဆေးနိုင်ပါပြီ။

အုန်းဆီ Hair Scrub

ဦးရေပြားကို အစိုဓာတ်ပေးတဲ့ အုန်းဆီ ၁ ဇွန်းကို သုံးကာ မုန့်ဖုတ်ဆိုဒါမှုန့် ၁ ဇွန်းနဲ့ ရောမွှေပေးရပါမယ်။ ပြီးနောက် ဦးရေပြားပေါ် ပွတ်နိုင်ပါပြီ။

သကြား Hair Scrub

သကြားညိုက ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ အာနိသင်ရှိပါတယ်။ ဒါအတွက် လိုအပ်တဲ့ ပစ္စည်း ၂ မျိုးကတော့ သကြားညို ၁ ဇွန်းနဲ့ သံလွင်ဆီ (၂) ဇွန်းပါ။ ပါဝင်ပစ္စည်း ၂ မျိုးကို ရောကာ ဦးရေပြားပေါ် ပွတ်ပြီးနောက် ရေဆေးချပေးရပါမယ်။

ဖော်ပြပါ Hair Scalp Scrub တွေထဲက ကိုယ်အဆင်ပြေရာကို ဖန်တီး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar