ကိုယ်အလေးချိန် လျော့ချချင်ပါသလား။ Detox ဖျော်ရည်လေးများ သောက်သုံးကြည့်လိုက်ပါ။ Detox ဖျော်ရည်များက သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဆေးဖက်ဝင်အပင်များနဲ့ ဖျော်စပ်ထားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကို သန့်စင်ပေးပြီး ကိုယ်အလေးချိန် လျော့ချဖို့လည်း ကူညီပေးနိုင်ပါတယ်။

သင့်အနေနဲ့ Detox ဖျော်ရည် ဖျော်သောက်ချင်တယ်ဆိုရင်တော့ ဖျော်ရည်ဖျော်နည်းအမျိုးမျိုးကို ဒီဆောင်းပါးလေးကနေတဆင့် လေ့လာနိုင်ပါတယ်။

Green Tea နဲ့ သံပုယို Detox ဖျော်ရည်

ရေနွေးပူ တစ်ဖန်ခွက်ထဲသို့ Green Tea အိတ်လေး တစ်ထုပ် စိမ်ထားလိုက်ပါ။ ထို့နောက် သံပုယိုသီး တစ်လုံးရဲ့ လေးစိပ်တစ်စိပ်ကို ထိုဖျော်ရည်ထဲ ညှစ်ထည့်လိုက်ပါ။ သမအောင် မွှေပြီးနောက်မှာတော့ ပူနေချိန်မှာပဲ တစ်ခါတည်း သောက်ပေးရပါမယ်။

ပျားရည်၊ သံပုယိုရည်၊ ဂျင်းတို့ဖြင့် ပြုလုပ်ထားတဲ့ Detox ဖျော်ရည်

လက်မဝက်အရွယ်အစားခန့်ရှိ ဂျင်းတုံးကို ညှက်နေအောင် ထောင်းပါ။ ရရှိလာတဲ့ဂျင်းကို ရေနွေးပူတစ်ဖန်ခွက်ထဲထည့်ပါ။ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သအောင် မွှေပါ။ ရရှိလာတဲ့ ဖျော်ရည်ကို မအေးခင် ကုန်အောင် သောက်ပစ်လိုက်ပါ။

သံပုယိုရည်နှင့် သခွားသီးဖျော်ရည်

ရေကရားထဲသို့ သံပုယိုသီးတစ်လုံးကို အတုံးငယ်များတုံးကာ ထည့်ထားလိုက်ပါ။ သခွားသီးကို ပါးပါးလှီးပြီး ထပ်ပေါင်းထည့်ပါ။ ပင်စိမ်းရွက်အနည်းငယ်နှင့် ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထိုရေကရားထဲရှိ Detox ဖျော်ရည်ကို တစ်နေ့ခင်းလုံး သောက်သုံးပေးနိုင်ပါတယ်။

မုန်လာဥနီနှင့် လိမ္မော်ရည်

မုန်လာဥနီကို အတုံးသေးသေးတုံးပါ။ လိမ္မော်သီးကို အခွံခွာပြီးနောက်ရရှိလာသော လိမ္မော်မွှာများကို ဖျော်စက်ထဲထည့်ပါ။ ဖျော်စက်ထဲသို့ မုန်လာဥနီ၊ ပျားရည် စားပွဲတင်ဇွန်းနှင့် နံနံပင်တို့ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီး ရေခဲတုံးအနည်းငယ်ထည့်ကာ သောက်သုံးနိုင်ပါပြီ။

Source: Stylecraze.com