သခွားသီးဆိုတာ အလှအပရေးရာအဖြာဖြာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ Body Scrub ဆိုတာလည်း တစ်ပတ်တစ်ခါသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး အသားအရေနူးညံ့စိုပြည်လာစေမယ်။ ဆဲလ်သေတွေဖယ်ရှားပေးလို့ အသားအရေလည်း ကြည်လင်လာစေပါတယ်။ ဒါကြောင့် Body Scrub လည်းလုပ်လို့ရအောင် ငွေကုန်လည်းသက်သာအောင် သခွားသီး Body Scrub ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

Source: Little Green Dot

သခွားသီး Body Scrub ပြုလုပ်ဖို့အတွက် ရေသန့် – ၁ ခွက်၊ သကြားဖြူ – ၂၀၁ ဂရမ်၊ နုတ်နုတ်စင်းထားတဲ့ သခွားသီး – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ (၁၁၂ ဂရမ်)၊ အုန်းဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ (၅၂ ဂရမ်)တို့ကို Blender ထဲထည့်ပြီး ၄၅ စက္ကန့်ကြာအောင် မွှေပါ။ အနံ့မွှေးချင်ရင် ပင်စိမ်းရွက်ကိုလည်း ကြိတ်ပြီးထည့်လို့ရပါတယ်။

Source:Creation by Kara

သေချာမွှေပြီးပြီဆိုရင်တော့ ဘူး (သို့) Jar ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်သိမ်းထားလိုက်ပါ။ ပြီးရင်တော့ Body Scrub အဖြစ် ထုတ်သုံးလို့ရပါပြီ။ သုံးပြီးတိုင်းမှာလည်း ရေခဲသေတ္တာထဲထည့်ထားဖို့ လိုပါတယ်။ ဘယ် Scrub ပဲဖြစ်ဖြစ် အပြင်မှာထုတ်မထားရပါဘူးနော်။ ရေခဲသေတ္တာထဲမှာပဲ သိမ်းထားရမှာပါ။