Glass Skin ဒါမှမဟုတ် Glow Skin ကို စာဖတ်သူအနေနဲ့ လိုချင်မှာပါ။ အသားအရေက ကြည်ကြည်လေး ဖြစ်ပြီး အပြစ်အနာအဆာ မရှိရင် မိတ်ကပ်တောင် သိပ်လိုတော့မှာ မဟုတ်ပါဘူး။ Glass Skin ကို ပိုင်ဆိုင်နိုင်ဖို့ မျက်နှာ ပေါင်းတင်နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီနည်းလမ်းအတွက် သဘာဝပစ္စည်းတွေကို လိုအပ်ပြီး Cream ပုံစံရအောင် ဖန်တီးပေးရမှာပါ။ ဒီတော့ Glass Skin ရအောင် Cream ဖန်တီးနည်းကို ကြည့်လိုက်ရအောင်နော်-

၁။ ဆန်ဆေးရည်

Photo Source: Stylecraze

ဆန်အနည်းငယ်ကို ယူကာ ရေစိမ်ပေးရပါမယ်။ ပထမ နှစ်ရည်ကို လောင်းချကာ နောက်တစ်ရေကိုတော့ ရေအသန့်ထည့်ကာ ရေစိမ်ပေးရပါမယ်။ ပြီးနောက် ၂ နာရီကြာ ထားပေးရပါမယ်။

၂။ ရှားစောင်းလက်ပပ်ဂျယ်

ရှားစောင်းလက်ပပ် ဂျယ်က အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ဂျယ် ၂ ဇွန်းကို ယူကာ ခွက်အသန့်ထဲ ထည့်ပေးရပါမယ်။

၃။ ရောပါ

ဒီ ရှားစောင်းလက်ပပ်ဂျယ် ထည့်ထားတဲ့ ခွက်ထဲကို ၂ နာရီစိမ်ထားတဲ့ ဆန်ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပေးရပါမယ်။

၅။ Rose Water

Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ဒီ ရှားစောင်းလက်ပပ်နဲ့ ဆန်ဆေးရည်အရောထဲ ထည့်ပေးရပါမယ်။

၆။ အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထပ်ယူကာ ပထမအရောထဲ ထည့်ပေးရပါမယ်။

နောက်ဆုံးအဆင့်

နောက်ဆုံးအဆင့်အနေနဲ့တော့ ပါဝင်ပစ္စည်းအားလုံးကို Gel Cream ပုံစံရအောင် ရောမွှေပေးရပါမယ်။ ရောမွှေပြီးနောက်မှာတော့ တကယ်ထည့်မယ့် ခွက်ထဲထည့်ပေးရပါမယ်။

ဒီ DIY Cream ကို ပုံမှန် Face Cream တွေလိုပဲ Glass Skin ပိုင်ဆိုင်လာဖို့ ပုံမှန်လိမ်းပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar