အကြောပြတ်တာတွေဟာ မိန်းကလေးတွေအဖို့တော့ များသောအားဖြင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမီးဖွားချိန်တွေမှာ ဖြစ်ပွားလေ့ရှိပြီး အပျိုအရွယ်ဆို အဝလွန်တဲ့အခါတွေမှာလည်း ဖြစ်ပွားတတ်သလို အသားအရေ တင်းရင်းမှုမရှိတဲ့သူတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

အကြောပြတ်ရာတွေဟာ အတော်ကို ကြည့်ရဆိုးပါတယ်။ ဒီလို ကြည့်ရအတော်ဆိုးလွန်းတဲ့ အဲဒီအကြောပြတ်ရာတွေကို ပျောက်ကင်းသွားအောင် သဘာဝနည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ အကြောပြတ်ရာတွေကို အားလုံး အရမ်းသဘောကျနှစ်ခြိုက်စွာ သောက်သုံးနေတဲ့ ကဖင်းအကူအညီနဲ့ အလွယ်တကူ ဖျောက်ဖျက်ပစ်လို့ရတယ်ဆိုတာ သင်သိပါသလား။

နေ့စဉ်သောက်သုံးနေကျကော်ဖီနဲ့ အလွန်ကြည့်ရဆိုးလှတဲ့ အကြောပြတ်ရာတွေကို ဖျောက်ဖျက်ပစ်လို့ရပါတယ်။ ဒါပေမယ့် Ready made Coffee Mix တွေနဲ့တော့ မရပါဘူး။ Ground Coffee ကော်ဖီမှုန့်အစစ်တော့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

ရှားစောင်းလက်ပတ်နဲ့ ‌သဘာဝကော်ဖီမှုန့်စစ်စစ် နှစ်မျိုးသာ လိုအပ်ပါတယ်နော်။

ပြုလုပ်ပုံအဆင့်အဆင့်ကတော့

အမှုန့်ကြိတ်ထားတဲ့ကော်ဖီကို ရေနွေးနဲ့ရောပါ။ ဗီတာမင် G နဲ့ C ကြွယ်ဝတဲ့ရှားစောင်း (Aloe Vera) အတွင်းသားကိုယူပြီး ကြိတ်ချေပါ။ ကော်ဖီမှုန့်နဲ့ရောနယ်ပါ။ အကြောပြတ်တဲ့နေရာကိုသန့်စင်ပြီး မိနစ် ၂၀ လောက် ညင်သာစွာပွတ်တိုက်ပါ။ ရေစိုဝတ်နဲ့ဖယ်ရှားပါ။

Moisturizer or Stretch Mark Cream လိမ်းပေးဖို့ မမေ့ပါနဲ့

Moisturizer ဒါမှမဟုတ် Stretch Mark Cream ပုံမှန်လိမ်းပေးပါ။ ဒါမှ အကြောပြတ်ရာတွေ ‌ပိုပြီးသိသာလျင်မြန်စွာ ပျောက်ကင်းသွားမှာပဲ့ ဖြစ်ပါတယ်။