ဌက်ပျောသီးက ကိုယ်ခန္ဓာကျန်းမာရေးအတွက်တင်မက ဆံကေသာတွေ ကျန်းမာသန်စွမ်းစေဖို့အတွက်ပါ အထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါနော်။ အကောင်းတကာအကောင်းဆုံးအသီးသုံးမျိုးထဲမှာလည်း တစ်ခုအပါအဝင်ပဲ့ ဖြစ်ပါတယ်။ ဌက်ပျောသီးတွေဟာ သင့်ဆံပင်ကို တောက်ပြောင်သန်စွမ်းစေနိုင်တဲ့အပြင် ပျော့ပြောင်းစေမှာ အသေအချာပါပဲ။

ဆံပင်ဖွာပြီး ရှုပ်ပွနေသူများ နှစ်ခွသုံးခွဖြစ်ပြီး မွဲခြောက်နေသူတွေအတွက် ဌက်ပျောသီးကိုအသုံးပြုပြီး အသင့်တော်ဆုံးပေါင်းတင်နည်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဌက်ပျောသီး   ၂လုံး
ကြက်ဥ           ၁လုံး
ဒိန်ချဉ်             စားပွဲတင်ဇွန်း ၂ဇွန်း
သံလွင်ဆီ       စားပွဲတင်ဇွန်း ၂ဇွန်း
ပျားရည်           စားပွဲတင်ဇွန်း ၂ဇွန်း

ပြုလုပ်နည်း

ဌက်ပျောသီးနှစ်လုံး အနှစ်ပျော်သွားသည်အထိကို အရင်ချေလိုက်ပါ။ ဒါမှဆံပင်ကိုသုတ်ရင် ကပ်မနေမှာဖြစ်ပါတယ်။ နောက်ပြီး ကြက်ဥအကာကိုမွှေထားပါ။ ပြီးနောက်ခွက်တစ်ခုထဲမှာ အထက်ဖော်ပြပါ ပါဝင်ပစ္စည်းတွေကို မွှေထားတဲ့ကြက်ဥအကာနဲ့ ချေထားတဲ့ ဌက်ပျောသီးကို ရောလိုက်ပါ။ ခေါင်းကိုရေလောင်းပြီးတာနဲ့ တစ်ခါတည်းသုတ်လိုက်ပါ။ နောက်ပြီး Shower Cap စွတ်ကာ မိနစ် ၃၀လောက်ထားပေးပါ။

မိနစ် ၃၀ထားပြီးသွားတာနဲ့ ရေဆေးချကာ သွားပွတ်တံနဲ့ ကပ်နေမယ့် ဌက်ပျောသီး အနှစ်တွေကို တခါတည်းဖယ်လိုက်ပါ။ နောက်ဆုံးအဆင့်မှ သင့်လျှော်နေကြ Shampoo ကိုသုံးပြီး ခေါင်းလျှော်ချလိုက်ပါ။

ကဲ…ဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ‌ပျော့ပြောင်းနူးညံ့ပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံနွယ်လှလှလေးတွေကို မလွဲမသွေရရှိပိုင်ဆိုင်ရမှာပဲ့ ဖြစ်ပါတယ်။