ခေါင်းလျှော်ပြီဆိုရင် တော်တော်များများလည်း Conditioner ကိုသုံးကြမှာပါ။ Chemical လုံးဝမပါတဲ့ Conditioner ကောင်းကောင်းသုံးချင်တယ်ဆိုရင်တော့ သဘာဝနည်းလမ်းတွေသုံးပြီး ကိုယ်တိုင်လုပ်မှပဲရမှာပါ။
ဒါကြောင့် MyStyle Myanmar ပျိုမေလေးတွေရဲ့ ဆံနွယ်လေးတွေ ပိုပြီးနူးညံ့ပျော့ပျောင်းသွားစေဖို့ ထောပတ်သီးကိုသုံးပြီး Chemical လုံးဝမပါတဲ့ Hair Conditioner ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက ဆံသားကိုပျော့ပျောင်းပြီး ဆံသားတောက်ပစေပါတယ်။
ဒီ Hair Conditioner ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းကတော့ ထောပတ်သီး – ၁ ခြမ်း၊ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါတယ်။
လုပ်ရမယ့်ပုံစံကတော့ ထောပတ်သီး တစ်ခြမ်းကို အခွံခွာပြီး Blender ထဲထည့်မွှေပါ။ ထောပတ်သီးကျေညက်သွားတာနဲ့ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ပြီးရင်တော့ ဇွန်းနဲ့ သေချာသမအောင်မွှေပါ။
သေချာသမအောင်မွှေပြီးတာနဲ့ Hair Conditioner ရပါပြီ။ ဆံသားတွေကို ရေနည်းနည်းဖြန်းပြီး ဆံသားတွေမှာ နှံ့အောင်သုတ်လိမ်းပါ။ ပြီးရင်တော့ ခေါင်းပေါင်းတဲ့ ပလတ်စတစ်နဲ့ပေါင်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချပြီး Shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲနော်။
ပုံမှန်ခေါင်းလျှော်ရည်နဲ့လျှော်နေကျအတိုင်း ခေါင်းအရင်လျှော်ပြီးမှသုံးမယ်ဆိုရင်တော့ ထောပတ်သီးတွေ ဆံပင်မှာကပ်နေမှာမို့ ရေနဲ့ပဲဆေးချလို့ မပြောင်ပါဘူး။ Shampoo သုံးပြီး ပြန်လျှော်ရမှာပါပဲ။ ဒါကြောင့် ရေပဲအရင်ဖြန်းခိုင်းတာပါ။
Photo Source: www.iamvanessae.com