ညဘက်တွေမှာ အိပ်မပျော်တဲ့အခါ မနက်အိပ်ရာနိုးချိန်ဆို စိတ်မကြည်ဘဲ လူကထိုင်းမှိုင်းနေတတ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရတာက အချိန်ကြာလာရင် ကျန်းမာရေးကို အများကြီးထိခိုက်စေပါတယ်။ အရွယ်ရောက်ပြီးသားလူတွေရဲ့  သုံးပုံတစ်ပုံဟာ အိပ်မပျော်ခြင်းလက္ခဏာတွေကို ခံစားနေကြရတတ်ပါတယ်။ တကယ်လို့ သင်လည်း ညဘက်တွေမှာ အိပ်မပျော်တဲ့လူတစ်ယောက်ဖြစ်နေပြီဆိုရင်တော့ သဘာဝအတိုင်းကောင်းကောင်းအိပ်ပျော်နိုင်ဖို့ အောက်ကအချက်လေးတွေကို သေချာဖတ်ပေးပါအုံးနော်။

လက်ဖက်ရည်သောက်ပါ

Chamomile, Valerian Root and Magnolia tea တို့က စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းအတွက် သဘာဝဆေးများပါ။ ဒီဆေးဖက်ဝင်အပင်တွေပါတဲ့ လက်ဖက်ရည်တစ်ခွက်ကို အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီမှ နှစ်နာရီအတွင်း သောက်ပေးပါ။ သောက်တဲ့အခါ ကဖိန်းဓာတ်မပါဖို့တော့ သတိထားပေးပါ။

ခေါင်းအုံးပေါ် လာဗင်ဒါဆီ တစ်စက်ချပါ

အိပ်ရာမဝင်ခင် လက်ဖက်ရည်သောက်ဖို့မကြိုက်ဖူးဆိုရင် ပန်းရနံ့နဲ့ ဆေးဖက်ဝင်အပင်အမွှေးအကြိုင်တွေက နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အထောက်အကူပြုတဲ့ နည်းလမ်းကောင်း တွေပါ။ လူကြိုက်များတဲ့ Lavender, Chamomile နဲ့ Bergamot တို့လို Essential oil တွေကို ညဘက် ခေါင်းအုံးပေါ်မှာ အစက်ချလိုက်ပါ။

ချယ်ရီသီးဖျော်ရည်သောက်ပါ

ချယ်ရီသီးဖျော်ရည်က အိပ်မပျော်တာကို ကူညီပေးနိုင်တာကြောင့် အိပ်ရာမဝင်ခင် ချယ်ရီသီးဖျော်ရည်ကို သောက်ပေးရင် ချယ်ရီသီးရဲ့အရသာချဥ်ချဥ်လေးက အိပ်ရာထဲမှာ အချိန်ပိုကြာကြာ အိပ်ပျော်စေမှာပါ။

Magnesium လုံလောက်အောင်စားပေးပါ

Magnesium က   အစွမ်းထက်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး အိပ်စက်ခြင်းအပါအဝင် ခန္ဓာကိုယ်တွင်း ရာနှင့်ချီတဲ့ လုပ်ငန်းစဉ်တွေကို ထိန်းညှိပေးတာကြောင့် Magnesium လုံလောက်ဖို့ကလည်း အရေးကြီးပါတယ်။ Magnesium ကြွယ်ဝတဲ့ အစားအစာများတွေဖြစ်တဲ့ အခွံမာသီးနဲ့ အစေ့အဆန်တွေ၊ ဟင်းနုနွယ်ရွက်၊ ပဲနို့၊ ဒိန်ချဉ်နဲ့ အစေ့အဆန်တွေ လိုမျိုး အစားအစာတွေကို အိပ်ရာမဝင်မီ တစ်နာရီ သို့မဟုတ် နှစ်နာရီအလိုမှာ စားကြည့်ပါ။

အိပ်ရာမဝင်ခင် ယောဂကျင့်ပြီး တရားထိုင်ပါ

အိပ်ရာမဝင်မီ ယောဂကျင့်စဉ်ကျင့်တာ သို့မဟုတ် တရားထိုင်ခြင်းတို့က အိပ်မပျော်တာကိုလျော့ကျစေပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။