တစ်ခါတုန်းက Walt Disney ပြောဖူးတဲ့ မှတ်သားဖွယ်ရာ စကားတစ်ခုရှိပါတယ်။ “မဖြစ်နိုင်တာတွေကို လုပ်ရတာ ပျော်ဖို့ကောင်းတယ်” တဲ့။ သူပြောခဲ့သလိုပဲ ဘဝဆိုတာ ကျွန်မတို့ သိထားတာထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

သူရဲ့ ဇာတ်ကားတော်တော်များများမှာလည်း ဘဝအတွက် တန်ဖိုးရှိလှတဲ့ စကားတွေကိုထည့်သွင်းထားပါသေးတယ်။ ဒီနေ့ဆောင်းပါးမှာတော့ Disney ဇာတ်ကောင်တွေ ပြောခဲ့တဲ့ မှတ်သားဖွယ်ရာစကားလေးတွေကို ပြောပြပေးသွားမှာပါ။

သင့်ဆီမှာ ဘာမှမရှိဘူးဆိုရင် အရာအားလုံးပိုင်ဆိုင်နေသလိုမျိုး နေရမယ် (Aladdin)။

အားနည်းသောနှလုံးသားက ဘယ်တော့မှအနိုင်မရနိုင်ဘူး (Peter, Peter Pan)။

ကြောက်စိတ်က သင့်ရဲ့ရန်သူဖြစ်လာမယ် (Pabbie, Frozen)။

အခတ်အခဲတွေကြားကနေ ပွင့်ဖူးလာတဲ့ ပန်းတွေဟာ ရှားတန်ဖိုးရှိပြီး လှပကြတယ် (Mulan’s father, Mulan)

သူရဲကောင်းဆိုတာ ခွန်အားကိုကြည့်ပြီး ဆုံးဖြတ်ရတာမဟုတ်ပါဘူး။ နှလုံးသားကို ကြည့်ပြီးဆုံးဖြတ်ရတာပါ (Zeus, Hercules)

နေ့တိုင်း ကောင်းတာတွေပဲလုပ်မယ်ဆိုရင် သင့်ဆီကို ကောင်းတာတွေ ရောက်လာပါလိမ့်မယ် (Princess Tiana, The Princess and the Frog)

ငါ့ကိုငါ အကြံကောင်းတွေ ပေးလေ့ရှိတယ်။ ဒါပေမဲ့ တခါမှ အဲ့အကြံတွေတိုင်းလိုက်မလုပ်ဖူးဘူး (Alice, Alice in Wonderland)

ငါတို့ရဲ့ ကံကြမ္မာက ငါတို့လက်ထဲမှာပဲ ရှိတာပါ (Merida, Brave)။

မင်းရဲ့လမ်းကိုတွေ့ပြီမဟုတ်လား။ သွားလိုက်ပါ။ တုံ့ဆိုင်းမနေပါနဲ့။

မင်းကြောက်တဲ့ အရာထက် ပိုကြောက်စရာကောင်းအောင်နေလိုက်ပါ (Thumper, Bambi)။

Comfort Zone ကနေရုန်းထွက်လိုက်ပါ။ ရလာမဲ့ ဆုလဒ်တွေက တန်ပါတယ် (Rapunzel, Tangled)

ပြသာနာဆိုတာ တကယ်တော့ ပြသာနာ မဟုတ်ပါဘူး။ တကယ့်ပြသာနာက ပြသာနာအပေါ် သင့်ရဲ့သဘောထားပါ။ Jack Sparrow (Pirates of the Caribbean)

လုပ်နိူင်တယ်လို့ ယုံကြည်လိုက်ပါ။ သင်လုပ်နိူင်သွားပါလိမ့်မယ်။ Mulan (Princess Stories)

ဒီနေ့ဆိုတာ ကြိုးစားဖို့အတွက် အကောင်းဆုံးနေ့ပါ။ မနေ့ကလည်းမဟုတ်သလို မနတ်ဖန်လည်းမဟုတ်ပါဘူး။ Quasimodo (The Hunchback of Notre Dame)

နှလုံးသားနဲ့ နားထောင်ပါ။ ဒါဆိုရင် သင်နားလည်လာပါလိမ့်မယ်။ Grandmother Willow (Pocahontas)

အရှုံးပေးတယ်ဆိုတာ အရှုံးသမားနဲ့လူညံ့တွေအတွက်သာ။ Philoctetes (Hercules)

ပြောင်းလဲခြင်းက ကောင်းသောအရာတခုပါ။ Rafiki (The Lion King)

ဘဝအတွက် တစ်ခုတည်းသော ကြိုတင်ခန့်မှန်းလိုရနိုင်တဲ့ အရာက ခန့်မှန်းလို့မရခြင်းပါပဲ။ Remy (Ratatouille)

Source: Bright Side