Disney ကာတွန်းကားတွေကို ကြည့်ရင် ဇာတ်ကားထဲက မင်းသမီး တစ်ဦးချင်းစီရဲ့ အကျင့်စရိုက်နဲ့ အပြုအမူ၊ ခံယူချက်တွေက ကွဲပြားနေတတ်ပါတယ်။ ဦးနှောက်နောက် လိုက်ပြီး ဆောင်ရွက်ခဲ့တဲ့ Disney မင်းသမီးတွေရှိသလို နှလုံးသားကို ဦးစားပေးပြီး ပြုမူတဲ့ မင်းသမီးတွေကိုလည်း သင်ကြည့်ဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ Zodiac Sign အလိုက် သင်ပိုင်ဆိုင်မယ့် Disney Character တွေကို ဖော်ပြပါရစေ။ ဒီ Character တွေမှာ တွေ့ရတတ်တဲ့ စိတ်နေစိတ်ထားက သင်နဲ့ ထပ်တူကျရဲ့လားပါ တိုက်ကြည့်နိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ Taurus- Tiana

“The Princess and the frog” ဇာတ်လမ်းထဲက Tiana က အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးကာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းမာသူတစ်ဦးပါ။ Tiana နဲ့ ကိုက်ညီတဲ့ ရာသီခွင်ကတော့ Taurus ပါ။

၂။ Virgo- Belle

“Beauty and the beast” ထဲက Belle က အသိဉာဏ်ပညာ ကြွယ်ဝသူ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထား ပြည့်ဝပြီး ရည်မှန်းချက် ကြီးသူ ဖြစ်ပါတယ်။ Virgo ရာသီဖွားတွေက Belle နဲ့ တူနေတတ်ပါတယ်။

၃။ Aries- Merida

“Brave” ဇာတ်ကားထဲက Merida ကတော့ ဇာတ်ကားနာမည်လိုပဲ သတ္တိရှိပါတယ်။ အလုပ် တစ်ခုကို စိတ်မြန်လက်မြန် လုပ်တတ်ပြီး ပြောစရာရှိတာကို ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်း ပြောတတ်သူ ဖြစ်ပါတယ်။ ဒီအကျင့်စရိုက်ကို Aries တွေကလည်း ပိုင်ဆိုင်တာမို့ Merida နဲ့ကိုက်ညီပါတယ်။

၄။ Sagittarius – Rapunzel

Rapunzel ကတော့ စွန့်စားရတာကို နှစ်သက်သူပါ။ ထက်မြက်ပြီး ကိုယ်လုပ်ချင်တာကို ဖြစ်အောင် လုပ်တဲ့ မင်းသမီးတစ်ဦးပါ။ Rapunzel က Sagittarius တွေရဲ့ စိတ်သဘောထားနဲ့ တိုက်ဆိုင်နေတတ်ပါတယ်။

၅။ Cancer- Snow White

Snow White ကလေးက တပါးသူကို သနားကြင်နာတတ်ပါတယ်။ ဒါ့အပြင် အကူအညီလိုသူတွေကိုလည်း အချိန်မရွေး ကူညီဖို့ ဝန်မလေးသူပါ။ Cancer ရာသီဖွားတွေကလည်း Snow White လို ကြင်နာစိတ် အပြည့်ရှိသူတွေ ဖြစ်ပါတယ်။

၆။ Leo- Moana

Moana ကတော့ ဘယ်သူ့စကားမှ နားမထောင်ဘဲ ခေါင်းမာသူပါ။ ယုံကြည်ချက် ပြင်းပြသူဖြစ်ပြီး ရက်ရောလွန်းသူလည်း ဖြစ်ပါတယ်။ Leo ရာသီဖွားတွေက Moana မင်းသမီးလေးလိုပါပဲ။

၇။ Pisces- Ariel

“The Little Mermaid” ထဲက ရေသူမ Ariel က ကိုယ့်အတွက်ထက် တခြားသူအဆင်ပြေအောင်ဘဲ စဉ်းစားပေးတတ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် စည်းမျဉ်းဥပဒေတွေကို သိပ်လိုက်နာသူတွေ မဟုတ်ဘဲ လောကကြီးကို ဂရုမစိုက်သူတွေပါ။ Pisces ရာသီဖွားတွေက Ariel နဲ့ ဆင်တူပါတယ်။

၈။ Gemini- Mulan

မင်းသမီး Mulan က ဆုံးမစကားတွေကို နားမထောင်တတ်သူဖြစ်ပြီး ထက်မြက်ထူးချွန်သူ တစ်ဦးပါ။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တဲ့ Mulan က Gemini နဲ့ သွားတူပါတယ်။

၉။ Scorpio- Elsa

Elsa က လုပ်စရာရှိတာကို သွေးအေးအေးနဲ့ လုပ်တတ်သူပါ။ ဒါပေမဲ့ တစ်ပါးသူကို ဂရုစိုက်ပေးတတ်သူပါ။ လျို့ဝှက်စွာ နေထိုင်သူလည်း ဖြစ်ပါတယ်။ Scorpio ရာသီဖွားတွေကလည်း Elsa လိုပါပဲ။

၁၀။ Aquarius – Cindrella

မင်းသမီး Cindrella က ချစ်သူခင်သူပေါသူ တစ်ဦးပါ။ အလုပ်ကြိုးစားပြီး စိတ်ကူးစိတ်သန်းကောင်းသူ ဖြစ်ပါတယ်။ Cindrella နဲ့ တူတဲ့ ရာသီခွင်ကတော့ Aquarius ပါ။

၁၁။ Capricorn- Pocahontas

Pocahontas ကတော့ ဉာဏ်ပညာရှိပြီး လက်တွေ့ကျကျ နေထိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသူတွေအပေါ် ဂရုစိုက်တတ်သူ ဖြစ်ပါတယ်။ Pocahontas ရဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသူကတော့ Capricorn ရာသီခွင်ပါ။

၁၂။ Libra- Jasmine

Jasmine က ချစ်ဖို့ကောင်းပြီး နူးညံ့ ငြင်သာတဲ့ မင်းသမီးတစ်ဦးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ Jasmine က Libra ရာသီခွင်နဲ့ တူပါတယ်။

Photo Source: Pinterest

By MyStyle Myanmar