အသက်အရွယ် အပိုင်းအခြားမရွေး လူအားလုံးရဲ့အပေါ်မှာ ဒစ်စနေးရဲ့ လွှမ်းမိုးနိုင်မှုက ပြန်တွက်ကြည့်မယ်ဆိုရင် အံ့မခန်းပါပဲ။ ဇာတ်ကားတွေကနေစပြီး လူကြီးကလေး အားလုံးသွားရတာကြိုက်ကြတဲ့ ကစားကွင်းတွေအပြင် တခြားနေရာအစုံတွေမှာလည်း ဒစ်စနေးရဲ့ ဇာတ်ကောင်တွေကို မြင်တွေ့နေကြရပါတယ်။

အခုတစ်ခေါက်မှာလည်း အမျိုးသမီးလေးတွေရဲ့ တစ်နေ့တာမှာ မရှိမဖြစ် ပါဝင်နေကြဖြစ်တဲ့ မိတ်ကပ်ပြင်ဆင်မှုမှာလည်း ဒစ်စနေးဇာတ်ကောင်တွေကို ဘယ်လိုအသုံးပြုထားမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာလေးတွေကို ရွေးနုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အကြောင်းအရာကတော့ ငယ်စဥ်ကတည်းက ကြည့်လာကြပြီး ရင်းနှီးနေပြီးသားလည်းဖြစ်တဲ့ ဒစ်စနေးဇာတ်ကောင်တွေရဲ့ အရောင်လေးတွေကို ထုတ်ယူပြီးတော့ အိုင်းလိုင်နာမိတ်ကပ်လေးတွေကို ချယ်လို့ရမယ့် စတိုင်လေးတွေကို ဖော်ပြပေးသွားမှာပါ။

ဘယ်လိုမျိုး လှပတဲ့ အိုင်းလိုင်နာ အရောင်လေးတွေ ထွက်လာမလဲဆိုတာကို အခုပဲ ကြည့်လိုက်ရအောင်နော်။

Belle And Beast

Charlotte

Cruella

Facilier

Genie

Gothel

Hades

Hercules

Jafar

Rajah

Jasmine

Lumiere

Maui

Megara

Moana

Prince John

Rose

Scar

Maleficent

Tiana

Ursula

Yzma

Source: BoredPanda