ဒစ်စနေး ရုပ်ရှင်ထုတ်လုပ်ရေးဟာ ကလေးဘဝကတည်းက ပရိသတ်အကြိုက် ဇာတ်လမ်းတွေ ကာရိုက်တာတွေ ဖန်တီးလာခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တချို့ ကာရိုက်တာတွေက ပရိသတ် အသည်းစွဲတွေ ဖြစ်လာကြပြီး တချို့ကာရိုက်တာတွေကျတော့ ပရိသတ်တွေရဲ့မုန်းခြင်းကို ခံရပါတယ်။

ဒါပေမဲ့ ဒစ်စနေး ကာရိုက်တာတွေနဲ့ ပက်သတ်ပြီး ပရိသတ်တွေ မသိသေးတာ တစ်ခုရှိပါတယ်။ အဲ့တာကတော့ တချို့ကာရိုက်တာတွေက အပြင်မှာ တကယ်ရှိတဲ့ လူတွေကိုအခြေခံပြီး ဖန်တီးထားတာပါ။ ဒီနေ့မှာတော့ ဘယ်ကာရိုက်တာက ဘယ်သူတွေကို အခြေခံပြီး ဖန်တီးထားတာလဲဆိုတာ ပြောပြပေးသွားမှာပါ။

(၁) Maleficent — Eleanor Audley

Eleanor Audley ဟာ Sleeping Beauty ကာတွန်းကားမှာ Maleficent နေရာကနေ အသံသရုပ်ဆောင်ပေးခဲ့တဲ့သူပါ။ ဒါတင်မကသေးပဲ ရုပ်ရှင် တချို့အခန်းတွေမှာ ကိုယ်တိုင် ပါဝင်သရုပ်ပြခဲ့ရပါသေးတယ်။

Maleficent ကာရိုက်တာက Audley လှုပ်ရှားမှု၊ မျက်နှာတွေကို အခြေခံပြီး ဖန်တီးခဲ့တာပါ။

(၂) Jessica Rabbit — Rita Hayworth

Who Framed Roger Rabbit ကာတွန်းကားထဲက Jessica Rabbit ကိုတော့ မင်းသမီးချော Rita Hayworth ကိုအခြေခံပြီး ဖန်တီးယူခဲ့တာပါ။ ဇာတ်ကား စတင်ရေးသားတုံးက ဇာတ်ညွှန်းရေးဆရာ Gary K. Wolf ဟာ Red Hot Riding Hood ဆို့ဇတ်ကားထဲက အကမယ်ကို အခြေခံပြီး ဖန်တီးခဲ့ပေမဲ့ နောက်ပိုင်းမှာ Jessica ဒီဇိုင်းဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ကာရိုက်တာ အများစုကိုတော့ Hayworth ကိုကောပီယူထားပေမဲ့ ဆံပင်ကိုတော့ Veronica Lake ရဲ့ဆံပင်ပုံစံနဲ့ တူအောင်ဖန်တီးထားတယ်လို့ ဒါရိုက်တာ Richard Williams ပြောခဲ့ပါသေးတယ်။

(၃) The Mad Hatter — Ed Wynn

The Mad Hatter ကတော့ Alice in Wonderland ကားထဲက ဗီလိန်ဇာတ်ကောင်ပါ။ Hatter အမှုအရာ နဲ့ ရုပ်အသွင်အပြင် ကိုအမေရီကန်ဟာသသရုပ်ဆောင် Ed Wynn ကို ကောပီယူပြီး ဖန်တီးခဲ့တာပါ။ ဒါ့အပြင် Ed Wynn ဟာ The Mad Hatter ရဲ့အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

(၄) Edna Moda — Linda Hunt

The Incredibles ဇာတ်ကားထဲက ဒီဇိုင်နာ Edna ကိုတော့ ပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကိုတော့ တကယ့်အပြင်ရှိတဲ့ ဖက်ရှင်ဒီဇိုင်နာ Edith Head ရဲ့ဘဝ ကိုအခြေခံပြီး ဖန်တီးခဲ့တာပါ။

ဒါပေမဲ့ Edna ရဲ့ကာရိုက်တာ ဟာအမေရီကန် သရုပ်ဆောင်မင်းသမီး Linda Hunt နဲ့ပိုပြီးနီးစပ်ပါတယ်။

(၅) Dr. Facilier — Michael Jackson

The Princess and the Frog ဇာတ်ကားထဲက ဗီလိန်ကြီး Dr. Facilier ဟာ ကမ္ဘာကျော် ပေါ့ပ် အဆိုတော် Michael Jackson ကိုအခြေခံပြီး ဖန်တီးထားတာပါ။ သူတို့ နှစ်ယောက်ဟာ ကိုယ်ခန္ဓာ အချိုးအစား၊ ဝတ်စားဆင်ယင်ပုံ တွေပါတူညီကြပါတယ်။

Dr. Facilier ရဲ့ဟန်ပန်အမှုအရာနဲ့ အဆိုအက ဟာလည်း ပေါ့ပ် ဘုရင် နဲ့ဆင်တူပါတယ်။

(၆) Ursula — Divine

Harris Glenn Milstead ဟာ အမေရီကန် အမျိုးသမီး သရုပ်ဆောင်နဲ့ အဆိုတော် တဦးပါ။ လူအများကတော့ သူ့ကို Divine သိကြပါတယ်။ The Little Mermaid ကားထဲက ဗီလိန်မကြီး Ursula ဟာ Divine ကိုအခြေခံပြီး ဖန်တီးထားတာပါ။

(၇) Alice — Kathryn Beaumont

Alice in Wonderland ကားထဲက Alice လေးကိုတော့ အမျိုးသမီးသရုပ်ဆောင် Kathryn Beaumont ကိုအခြေခံထားတာပါ။

Source: Bright Side