အားလုံးပဲမင်္ဂလာပါနော်။ သဘာဝကပေးတဲ့ အလှတရားဟာ လူတွေရဲ့ စိတ်နှလုံးသားကို ရွှင်မြူးစေပါတယ်။ ပန်းတွေရဲ့ ရနံ့ကလည်း လူတွေရဲ့ စိတ်ကိုလန်းဆန်းစေပါတယ်။ ပန်းလေးတွေရဲ့ ရနံ့တွေ၊ မတူညီတဲ့ အဆင်းသဏ္ဍန်တွေက ကျွန်မတို့ရဲ့ စိတ်နှလုံးကိုပြောင်းလဲစေပါတယ်။

သင်ကြိုက်တဲ့ ပန်းပွင့်လေးတွေက ပြောတဲ့ သင့်အကြောင်း

ဒီတခါမှာတော့ သင်ရွေးချယ်ရမယ့် ပန်းပွင့်လေး၊ သင်ကြိုက်တဲ့ ပန်းပွင့်က သင့်အကြောင်းကို ပြောပြနေပါတယ်။ သင့်ရဲ့ စိတ်နေသဘောထား ဘယ်လိုရှိသလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

၁။ နံပါတ် ၁ ပန်းကိုရွေးချယ်တဲ့သူတွေကတော့ သင်ဟာ ပွဲလန်းသဘင်တွေကို နှစ်သက်ပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်မှာလည်း သင့်ကို ချစ်တဲ့သူတွေ ဝန်းရံနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ကလည်း သူတို့ကို သိပ်ဂရုစိုက်လို့ပါပဲ။ သင့်နဲ့အတူမိတ်ဆွေဖွဲ့ချင်ကြပါတယ်။ ပြဿနာအသေး၊ အကြီးမဆို သင့်ဆီက အကြံအဉာဏ်တောင်းလေ့ရှိပါတယ်။

၂။ နံပါတ် ၂ ပန်းကို ရွေးချယ်လိုက်ရင်တော့ သင်ဟာ အကောင်းဖက်က မြင်တတ်တဲ့သူဖြစ်ပါတယ်။ စွန့်စားမှု အသစ်တွေကို ရှာဖွေနေတတ်သူဖြစ်ပါတယ်။ အသစ်အသစ်တွေကို ရှာဖွေရတာနှစ်သက်ပါတယ်။ အကြံဉာဏ်ကောင်း စိတ်ကူးကောင်းတွေကိုလည်း ပေးတတ်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။

၃။ နံပါတ် ၃ ပန်းကိုရွေးချယ်လိုက်ရင်တော့ သင့်မှာ ဆွဲဆောင်မှုရှိပါတယ်။ သင့်နားကို နီးကပ်ဖို့ လူတွေက ဘကီုးစားတတ်ကြပါတယ်။ ရဲရင့်ပြီးရိုသေတတ်ပါတယ်။ သင်ဟာ အစီအစဉ်ဆွဲတာတော်တယ်။ တစ်ခုခုလုပ်မယ်ဆိုရင်လည်း သေချာ အစီအစဉ်ဆွဲတတ်တယ်။ စိုးရိမ်မှုမရှိဘဲ ဆုံးဖြတ်ချက်ချနိုင်တယ်။ ဒါကပဲ သင့်ကို အောင်မြင်စေပါလိမ့်မယ်။

၄။ နံပါတ် ၄ ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ထူးခြားတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောက်လိုက်မဟုတ်တဲ့သူပါ။ သင်ဟာ လွတ်လပ်တယ်။ တခြားသူကို လုံးဝမမှီခိုဘူး။

၅။ နံပါတ် ၅ ကိုရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်ပါ။ ချစ်တတ်၊ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။ စိတ်ခံစားမှုလွယ်ပြီး အထိခိုက်မခံဘူး။ အရာအားလုံးကို အလေးအနက်ထားတတ်တယ်။ သင့်ချစ်သူအပေါ်လည်း အလုံးစုံ ချစ်တတ်တယ်။

၆။ နံပါတ် ၆ ကသင့်အကြိုက်ဆုံးပန်းဆိုရင်တော့ သင်ဟာဘယ်နေရာမှာမဆို အသားကျအောင်နေတတ်တယ်။ ပျော်ရာမှာပဲနေရဖို့မဟုတ်ဘဲ တော်ရာမှာ ပျော်အောင်နေနိုင်တဲ့သူပါ။  မာနကြီးတယ်။ မိန်းကလေးဆန်တယ်။ အရည်အချင်းရှိတယ်။ အလုပ်ကြိုးစားတယ်။ ဉာဏ်လည်းကောင်းပေမယ့် တခါတလေ စိုးရိမ်နေတတ်တယ်။

Source: www.trendcrown.com

Photo: www.pinterest.com

BY: MyStyle Myanmar