တစ်ချို့ပစ္စည်းတွေက ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတာကြောင့် သုံးမိတာမျိုး ဒါမှမဟုတ် ကောင်းသေးတယ်ဆိုပြီး အချိန်ကြာကြာ သုံးမိနေတာမျိုး ဖြစ်တတ်ပါတယ်။ အခုပြောပြမယ့်ပစ္စည်းတွေကို သုံးမိနေတာမျိုး ကြာအောင် သုံးမိနေတတ်တာမျိုးရှိရင် ချက်ချင်းပြောင်းလဲလိုက်ပါ။

Loofah

တော်တော်များများရဲ့ ရေချိုးခန်းထဲမှာရှိတတ်တဲ့ Loofah က သုံးတဲ့အခါ အရေပြားကိုခြောက်စေပြီး ရေဓာတ်ခန်းခြောက်စေတဲ့အပြင် အကြာကြီးသုံးမိရင်လည်း ပိုးမွှားတွေပြည့်နေတတ်တာမလို့ မကြာမကြာလဲပေးဖို့လိုပါတယ်။

Facial Cleansing Tools

မျက်နှာသစ်ဖို့ Facial cleansing tools တွေ တော်တော်များများသုံးကြတာ သင်မြင်ဖူးမှာပါ။ ဒါပေမယ့် သူတို့က ဈေးကြီးပြီး အသားအရေကို ထိခိုက်နိုင်တာမလို့ လက်နဲ့သစ်တာက အကောင်းဆုံးပါ။

Pore Strips

နှားခေါင်းက ဆားဝက်ခြံ အမဲစက်တွေအတွက်သုံးတဲ့ Pore Strips တွေက skin barrier နဲ့ သဘာဝအဆီများကိုပါ စုပ်ယူသွားတာမလို့ ချွေးပေါက်တွေကို ကျယ်စေပါတယ်။

Makeup Wipes

မိတ်ကပ်ဖျက်ဖို့သုံးရတဲ့ Makeup Wipes တွေက အသားအရေရဲ့ သဘာဝ pH နဲ့ အက်ဆစ်တွေကို ဖယ်ရှားပြစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

Apricot Scrub

ပြင်းလွန်းတဲ့ မျက်နှာ Scrub တော်တော်များများက ကြမ်းကြမ်းတမ်းတမ်းသုံးမိရင် skin barrier ကို ပျက်စီးစေပြီး ဝက်ခြံနဲ့ အသားခြောက်တာကိုဖြစ်တာမလို့ နူးညံ့တာကိုရွေးသုံးပါ။