Lunges လေ့ကျင့်ခန်းများဟာ ခါး၊ တင်ပါး၊ ခြေသလုံးတို့ရှိ ကြွက်သားများကို သန်မာကျစ်လျစ်စေပြီး ဟန်ချက်ညီမှု၊ တည်ငြိမ်မှုတို့ ရရှိအောင် ကူညီပေးပါတယ်။

Lunges လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခံစားရရှိမယ့်အကျိုးကျေးဇူးများကတော့ ဝိတ်ကျခြင်း၊ အရိုးအရွက်များ သန်မာစေခြင်း၊ ခါးနာခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အနေအထား မှန်စေခြင်းတို့ပဲဖြစ်ပါတယ်။

Lunges လေ့ကျင့်ခန်း အမျိုးအစားအများအပြားရှိတဲ့အနက် ဘယ်လေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းအတွက် ကောင်းမွန်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့ ပေါင်ကြွက်သား၊ ခြေသလုံးကြွက်သားများကို အဓိကထားပေးတာဖြစ်ပြီး Lunges များအားလုံးထဲတါင် အခြေခံအကျဆုံးပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဘေးဘက်ရွေ့ကာ ပြုလုပ်ရတဲ့ Lunges ကတော့ ပေါင်အတွင်းသားနှင့် ပေါင်အပြင်ဘက်ရှိကြွက်သာများကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ဟန်ချက်ညီစေခြင်း၊ ခွန်အားသန်မာစေခြင်း စတဲ့အကျိုးကျေးဇူးကိုလည်း ပေးစွမ်းပါတယ်။

လေ့ကျင့်ခန်း (၃)

လမ်းလျှောက်ကာ Lunges ပြုလုပ်ခြင်းကတော့ လှုပ်ရှားရာကနေ ချက်ချင်း Lunges ပြုလုပ်လိုက်ရတဲ့အတွက်ကြောင့် မတူညီတဲ့လှုပ်ရှားမှုနှစ်ခုအကြား မြန်မြန်ဆန်ဆန်ပြောင်းလဲကာ တည်ငြိမ်မှုပြန်လည်ရရှိအောင် ကူညီဗပးပါတယ်။ ဒါသည်လည်း သင့်နေ့စဉ်ဘဝအတွက် အထောက်အကူဖြစ်စေမှာပါ။

လေ့ကျင့်ခန်း (၄)

ဒီ Lunges ကတော့ အနောက်သို့ ပြောင်းပြန်ပြုလုပ်ရတဲ့ Lunges ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဒူးနာသူများ၊ အထိုင်များသူများ၊ ခန္ဓာကိုယ်ဟန်ချက်မညီသူများအတွက် အထူးကောင်းမွန်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဒူးခေါင်းကို ငြိမ်အောင် ထားရတဲ့အချိန်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်လိုက်ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သူကတော့ သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကိုလည်း သန်မာစေပြီး ဒူးခေါင်းအရွတ်အတွက်လည်း အကျိုးရှိစေပါတယ်။