ယောကျာ်းလေးအများစုက သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပြတဲ့နေရာမှာ အားနည်းတတ်ကြပါတယ်။ သူတို့က များသောအားဖြင့် သူတို့ရဲ့ခံစားချက်ကို မြိုသိပ်ထားကြသူတွေပါ။ သူတို့ရဲ့ ချစ်သူကောင်မလေးက မျက်နှာရိပ်မျက်နှာခြေကြည့်ပြီး အတင်းအစ်အောက်မေးမှသာလျှင် ပြောပြတတ်ကြသူတွေပါ။ ဒါတောင်မှ သူတို့ ပြောချင်စိတ်မရှိဘဲ အတင်းမေးရင် စိတ်တိုဒေါသထွက်တတ်ကြပါသေးတယ်။ သင့်ချစ်သူကောင်လေးရော ထိုအမျိုးအစားထဲမှာ ပါပါသလား။
ကံကောင်းတာတစ်ခုက ကိုယ့်ရဲ့ခံစားချက်ကို နှုတ်က မထုတ်ဖော်ပြရင်တောင်မှ သူ့ရဲ့ ကိုယ်လက်အမူအရာကို ကြည့်ပြီး ဖော်ပြနိုင်သေးတယ်ဆိုတာပါပဲ။
သင့်အပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်တွေကို ဘယ်လိုအမူအရာတွေကနေတဆင့် သိမြင်နိုင်သလဲဆိုတော့ …
အနောက်က သိုင်းဖက်လိုက်တဲ့အခါ
ဒီလိုသိုင်းဖက်ထားခြင်းအားဖြင့် ကောင်မလေးကို ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့ အခြေအနေပဲဖြစ်နေပါစေ စောင့်ရှောက်ချင်စိတ်ရှိသူတွေပါပဲ။ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိကြတဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့အချစ်မျိုးဖြစ်ပါတယ်။
ခါးကနေ ပွေ့ဖက်လိုက်တဲ့အခါ
ဒီလိုပွေ့ဖက်လိုက်တဲ့အခါ ချစ်သူကောင်မလေးနဲ့ အကြာကြီး အတူတူရှိနေချင်ကြောင်း၊ အတူတူ အချိန်ဖြုန်းချင်နေကြောင်းကို ဖော်ပြနေပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်ကို မြန်မြန်ချစ်မိတတ်ကြသလို မြန်မြန်မချစ်တတ်တဲ့ စိတ်အပြောင်းအလဲမြန်မှုမျိုး ရှိတတ်ကြပါတယ်။
ကျောကုန်းနောက်ကို ပုတ်ပေးပြီး ဖက်ထားတဲ့အခါ
ဒီလိုအချစ်မျိုးကတော့ ရိုမန့်တစ်ဆန်တဲ့အချစ်ရေးထက် သူငယ်ချင်းပိုဆန်တဲ့ အချစ်မျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ ချစ်သူကောင်မလေးအတွက် သူငယ်ချင်းမိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို အပြည့်အဝ ထောက်ပံ့လိုစိတ်လည်း ရှိပါတယ်။
အကြည့်ချင်းဆုံပြီး ပွေ့ဖက်တဲ့အခါ
ဒီအချစ်ကတော့ တော်တော်လေးကို ခံစားချက်ပြင်းထန်ပြီး နက်နဲတဲ့အချစ်ဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးကို အင်မတန် တန်ဖိုးထားကြသူတွေဖြစ်ပြီး ကိုယ့်ကောင်မလေးကသာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ထိုကဲ့သို့သော RS မျိုးက အပျော်ရွှင်ရဆုံးပဲဖြစ်ပါတယ်။
လက်တစ်ဖက်တည်းနဲ့ ဖက်ထားတဲ့အခါ
ကောင်မလေးရဲ့ပုခုံးကို လက်တစ်ဖက်တည်းနဲ့ ဖက်ထားခြင်းမျိုးကျတော့ သူမကို သူ့ရဲ့အတောင်ပံအောက်မှာ လုံခြုံမှုရှိစေချင်တယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမဲ့ ကောင်မလေးက ကောင်လေးကို ထိုကဲ့သို့ ပြန်ဖက်ထားမယ်ဆိုရင်တော့ ထိုကောင်မလေးဟာ ကောင်လေးအပေါ် သူငယ်ချင်းသံယောဇဉ်ထက် မပိုဘူးလို့ အဓိပ္ပာယ်ဖွင့်ရပါလိမ့်မယ်။
တင်းတင်းကြပ်ကြပ်လေး ဖက်ထားတဲ့အခါ
ဒီလိုအဖက်ခံရတဲ့ ကောင်မလေးကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ ထိုကဲ့သို့ တင်းတင်းကြပ်ကြပ်ဖက်တတ်တဲ့ ယောကျာ်းတွေဟာ ရိုမန့်တစ်လည်းဆန်သလို ကိုယ့်မိသားစုအပေါ် အကောင်းဆုံးတွေသာ ပေးချင်တဲ့ အကောင်းဆုံးခင်ပွန်းကောင်းတစ်ယောက်၊ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်းဖြစ်ကြပါတယ်။
Source: Brightside.me