ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာသိပ်မပေါ်ချင်တဲ့သူတွေအတွက် သူများနဲ့မတူတဲ့ ဓာတ်ပုံရိုက်နည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ အမြဲတမ်း ကိုယ့်ပုံတွေချည်းပဲ ဆက်တိုက်ရိုက်နေမယ့်အစား ဒီလိုလေးတွေလည်း ပြောင်းရိုက်ကြည့်ပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါမှာဆိုရင် ဒီလိုပုံလေးတွေရိုက်ကြည့်နော်။ မျက်နှာမပေါ်လည်း လှပပြီးချစ်ဖို့ကောင်းနေစေမယ့် ပုံလေးတွေပါ။

ကမ်းခြေသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကန်ရေပြင်ဆီသွားတဲ့အခါမှာပဲဖြစ်ဖြစ် ရိုက်သင့်တဲ့ ပုံလေးတွေပါ။

ကောင်းကင်နဲ့ သဘာဝအလှကိုလည်း ပေါ်လွင်စေမယ့် ပုံလေးတွေပါ။ မျက်နှာမပေါ်ချင်ရင် ဒီလိုလေးတွေလည်း ရိုက်ကြည့်နော်။

သဘာဝအလှကိုလည်း ပေါ်လွင်စေသလို မျက်နှာမပါလည်း ချစ်ဖို့ကောင်းပြီး လှပနေစေမယ့် ပုံလေးတွေပါ။

ပန်းခြံထဲမှာပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်ပါ။ ဂါဝန်လေးတွေဝတ်ပြီးရိုက်ရင် ပိုချစ်ဖို့ကောင်းမှာပါ။

သေချာလေးပြင်ဆင်ပြီးရိုက်မယ်ဆိုရင် ဒီပုံလေးတွေက အသုံးဝင်ပါလိမ့်မယ်။

မြက်ခင်းပြင်မှာရိုက်တဲ့အခါ အသုံးဝင်မယ့် ပို့စ်လေးတွေနဲ့ ပုံရိုက်နည်း အိုင်ဒီယာလေးတွေပါ။

ကမ်းခြေမှာပဲဖြစ်ဖြစ် ကန်ရေပြင်ရှိတဲ့နေရာမှာပဲဖြစ်ဖြစ် ကိုရီးယားဆန်ဆန် ဒီလိုလေး ရိုက်လို့ရပါသေးတယ်။

သဘာဝအလှတရားကို ပေါ်လွင်စေမယ့် နောက်ထပ်ပုံလေးတွေပါ။

ပန်းခင်းထဲမှာရိုက်တဲ့အခါ မျက်နှာလည်းမပေါ်ချင်ဘူးဆိုရင် ဒီပုံလေးတွေအတိုင်း ရိုက်ကြည့်နော်။

စက်ဘီးရှိရင် ဒီလိုလေးတွေရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com