[Zawgyi]

မိန္းကေလးနဲ႔ ေယာက်ာ္းေလးေတြဆိုသည္မွာလည္း မတူညီတဲ့ ၿဂိဳလ္က လာၾကသလားလို႔ ေမးယူရေလာက္တဲ့အထိေတာင္ ကြဲျပားျခားနားခ်က္ေတြ အမ်ားႀကီးပါပဲ။

ဒါဆိုရင္ သူတို႔ႏွစ္ေယာက္ၾကားမွာ ဘယ္လိုအခ်က္ေတြက အဓိကကြဲျပားေနတာလဲ၊ အဲ့လို ကြဲျပားခ်က္ေတြေၾကာင့္ ဘယ္လိုေကာင္းက်ိဳးေတြ ျဖစ္ေပၚေစလဲဆိုတာကို ဆက္ဖတ္ၾကည့္ရေအာင္ေနာ္။

အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ျခင္း

မိန္းကေလးမ်ားက သူတို႔ခ်စ္သူေကာင္ေလးေတြအတြက္ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ေပးရတာကို ႏွစ္သက္ၾကပါတယ္။ ဒီလိုျပဳလုပ္ရျခင္းက သူတို႔ဘယ္ေလာက္ အိမ္ေထာင္ရွင္မေကာင္းပီသလဲဆိုတာကို ျပခ်င္တာလဲ ပါသလို အကယ္၍မ်ား သူတို႔ေကာင္ေလးေတြ ဝဝဖိုင့္ဖိုင့္ျဖစ္သြားမယ္ဆိုရင္ သူတို႔ကလြဲၿပီး ဘယ္ေကာင္မေလးကမွ မခ်စ္ေစခ်င္လို႔ပါတဲ့။

လက္ဆြဲႏႈတ္ဆက္ျခင္း

ေယာက်ာ္းေလးႏွစ္ေယာက္ လက္ဆြဲႏႈတ္ဆက္တဲ့အခါ ၿမဲၿမံေအာင္ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ၿပီး လက္ဆြဲႏႈတ္ဆက္ၾကေပမဲ့၊ မိန္းကေလးနဲ႔ ေယာက်ာ္းေလး လက္ဆြဲတဲ့အခါမွာေတာ့ မိန္းကေလးက သူမရဲ႕ လက္ကို ကမ္းေပး႐ံုသာျပဳလုပ္ၿပီး အထက္ေအာက္လႈပ္ရွားမႈကိုေတာ့ ေယာက်ာ္းေလးကပဲ ျပဳလုပ္ရတာပါ။

အေရာင္မ်ားကို ခြဲျခမ္းစိတ္ျဖာျခင္း

သိပၸံနည္းနဲ႔ သက္ေသျပခ်က္ေတြအရ အမ်ိဳးသမီးမ်ားက ပင္ကိုဗီဇအရ အေရာင္ေတြကို ခြဲျခမ္းစိတ္ျဖာတဲ့ေနရာမွာ တစ္ဖက္ကမ္းခပ္ထူးခြ်န္ၾကပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္က ေယာက်ာ္းေလးေတြအေရွ႕မွာ ျမစိမ္းေရာင္ေတြ၊ ဖက္ဖူးေရာင္ေတြ၊ စစ္စိမ္းေရာင္ေတြဆိုၿပီး လာခြဲျပေနရင္ သူတို႔ေဒါသထြက္ၾကပါတယ္။

မိန္းကေလးေတြက အန႔ံခံအာ႐ံုလည္း ပိုေကာင္းၾကပါတယ္

မိန္းကေလးေတြ ပန္းႀကိဳက္ရျခင္း အဓိကအေၾကာင္းအရင္းကေတာ့ သူတို႔ရဲ႕ မ်ိဳး႐ိုးဗီဇအရ အနံ႔အာ႐ံုက သိပ္ကိုေကာင္းမြန္တဲ့အတြက္ေၾကာင့္ပါ။

ခႏၶာကိုယ္ေျပာင္းလဲမႈ

အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္က ခဏခဏေျပာင္းလဲေနတာပါ။ အမ်ိဳးသမီးမ်ား အပ်ိဳေဖာ္ဝင္ခ်ိန္ကလည္း အမ်ိဳးသားမ်ား လူပ်ိဳေဖာ္ဝင္ခ်ိန္ထက္ ပိုေစာပါတယ္။ မိန္းကေလးမ်ား အရြယ္ေရာက္လာတဲ့အခါ သူမရဲ႕တင္ပါးလံုးဝန္းလာၿပီး ျပန္႔ကားလာရျခင္းက ကေလးမီးဖြားရတဲ့အခါ လြယ္ကူဖို႔ရန္အတြက္ပါ။

အဝတ္အစားဝတ္ဆင္ျခင္း

အဝတ္အစားဝတ္ဆင္ရာမွာ အမ်ိဳးသမီးမ်ားက ခႏၶာကိုယ္အေပၚပိုင္းကေန စတင္ဝတ္ဆင္ေလ့ရွိပါတယ္။ အရင္ဦးဆံုး အက်ႌဝတ္မယ္၊ ၿပီးက်မွ စကပ္တို႔ ေဘာင္းဘီတို႔ ဝတ္ဆင္ၾကတာပါ။ အမ်ိဳးသားမ်ားကေတာ့ ေျပာင္းျပန္ပါ။ ေျခအိတ္နဲ႔ ေဘာင္းဘီကို ဝတ္ၿပီးမွ အက်ႌဝတ္ၾကတာပါ။

ႏႈတ္ခမ္းနီစားမိျခင္း

အမ်ိဳးသမီးမ်ားဆိုးလိုက္တဲ့ ႏႈတ္ခမ္းနီေတြက အစား စားတဲ့အခါ၊ အေအးေသာက္တဲ့အခါမွာ အတူတူစားမိသြားၿပီး သူတို႔ အသက္ရွင္ေနထိုင္တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ႏႈတ္ခမ္းနီ ေလးေပါင္ခြဲခန႔္စားသံုးမိတယ္လို႔ သိပၸံပညာရွင္မ်ားက ေျပာၾကားပါတယ္။ စာဖတ္သူေတြေရာ အခုေဖာ္ျပသြားတဲ့ အခ်က္ေတြက မွန္ကန္တယ္လို႔ ထင္ပါသလား။

Source: Brightside.me

[Unicode]

မိန်းကလေးနဲ့ ယောကျာ်းလေးတွေဆိုသည်မှာလည်း မတူညီတဲ့ ဂြိုလ်က လာကြသလားလို့ မေးယူရလောက်တဲ့အထိတောင် ကွဲပြားခြားနားချက်တွေ အများကြီးပါပဲ။

ဒါဆိုရင် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအချက်တွေက အဓိကကွဲပြားနေတာလဲ၊ အဲ့လို ကွဲပြားချက်တွေကြောင့် ဘယ်လိုကောင်းကျိုးတွေ ဖြစ်ပေါ်စေလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်း

မိန်းကလေးများက သူတို့ချစ်သူကောင်လေးတွေအတွက် အစားအသောက်ပြင်ဆင်ချက်ပြုတ်ပေးရတာကို နှစ်သက်ကြပါတယ်။ ဒီလိုပြုလုပ်ရခြင်းက သူတို့ဘယ်လောက် အိမ်ထောင်ရှင်မကောင်းပီသလဲဆိုတာကို ပြချင်တာလဲ ပါသလို အကယ်၍များ သူတို့ကောင်လေးတွေ ဝဝဖိုင့်ဖိုင့်ဖြစ်သွားမယ်ဆိုရင် သူတို့ကလွဲပြီး ဘယ်ကောင်မလေးကမှ မချစ်စေချင်လို့ပါတဲ့။

လက်ဆွဲနှုတ်ဆက်ခြင်း

ယောကျာ်းလေးနှစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့အခါ မြဲမြံအောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်ကြပေမဲ့၊ မိန်းကလေးနဲ့ ယောကျာ်းလေး လက်ဆွဲတဲ့အခါမှာတော့ မိန်းကလေးက သူမရဲ့ လက်ကို ကမ်းပေးရုံသာပြုလုပ်ပြီး အထက်အောက်လှုပ်ရှားမှုကိုတော့ ယောကျာ်းလေးကပဲ ပြုလုပ်ရတာပါ။

အရောင်များကို ခွဲခြမ်းစိတ်ဖြာခြင်း

သိပ္ပံနည်းနဲ့ သက်သေပြချက်တွေအရ အမျိုးသမီးများက ပင်ကိုဗီဇအရ အရောင်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ထူးချွန်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်က ယောကျာ်းလေးတွေအရှေ့မှာ မြစိမ်းရောင်တွေ၊ ဖက်ဖူးရောင်တွေ၊ စစ်စိမ်းရောင်တွေဆိုပြီး လာခွဲပြနေရင် သူတို့ဒေါသထွက်ကြပါတယ်။

မိန်းကလေးတွေက အနံ့ခံအာရုံလည်း ပိုကောင်းကြပါတယ်

မိန်းကလေးတွေ ပန်းကြိုက်ရခြင်း အဓိကအကြောင်းအရင်းကတော့ သူတို့ရဲ့ မျိုးရိုးဗီဇအရ အနံ့အာရုံက သိပ်ကိုကောင်းမွန်တဲ့အတွက်ကြောင့်ပါ။

ခန္ဓာကိုယ်ပြောင်းလဲမှု

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ခဏခဏပြောင်းလဲနေတာပါ။ အမျိုးသမီးများ အပျိုဖော်ဝင်ချိန်ကလည်း အမျိုးသားများ လူပျိုဖော်ဝင်ချိန်ထက် ပိုစောပါတယ်။ မိန်းကလေးများ အရွယ်ရောက်လာတဲ့အခါ သူမရဲ့တင်ပါးလုံးဝန်းလာပြီး ပြန့်ကားလာရခြင်းက ကလေးမီးဖွားရတဲ့အခါ လွယ်ကူဖို့ရန်အတွက်ပါ။

အဝတ်အစားဝတ်ဆင်ခြင်း

အဝတ်အစားဝတ်ဆင်ရာမှာ အမျိုးသမီးများက ခန္ဓာကိုယ်အပေါ်ပိုင်းကနေ စတင်ဝတ်ဆင်လေ့ရှိပါတယ်။ အရင်ဦးဆုံး အင်္ကျီဝတ်မယ်၊ ပြီးကျမှ စကပ်တို့ ဘောင်းဘီတို့ ဝတ်ဆင်ကြတာပါ။ အမျိုးသားများကတော့ ပြောင်းပြန်ပါ။ ခြေအိတ်နဲ့ ဘောင်းဘီကို ဝတ်ပြီးမှ အင်္ကျီဝတ်ကြတာပါ။

နှုတ်ခမ်းနီစားမိခြင်း

အမျိုးသမီးများဆိုးလိုက်တဲ့ နှုတ်ခမ်းနီတွေက အစား စားတဲ့အခါ၊ အအေးသောက်တဲ့အခါမှာ အတူတူစားမိသွားပြီး သူတို့ အသက်ရှင်နေထိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ နှုတ်ခမ်းနီ လေးပေါင်ခွဲခန့်စားသုံးမိတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားပါတယ်။ စာဖတ်သူတွေရော အခုဖော်ပြသွားတဲ့ အချက်တွေက မှန်ကန်တယ်လို့ ထင်ပါသလား။

Source: Brightside.me

Featured Image Source: LovePanky