ဆိုရှယ်မီဒီယာတွေမှာ Weight Loss အကြောင်းပြောကြတဲ့အခါ အမျိုးမျိုးပြောလေ့ရှိပါတယ်။ အဆီကျဆေး၊ အဆီကျကော်ဖီ စတာတွေလည်း အမျိုးအစားစုံတ့အပြင် ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုပြီး တချို့ပြောနေ လုပ်နေကြတဲ့အရာတွေက တကယ်တမ်း ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူဖြစ်တယ်လို့ သင်ထင်ပါရဲ့လား ? တချို့အကြံပြုချက်တွေက သင့်တော်ပေမယ့် တချို့အရာတွေကတော့ နည်လမ်းမကျဘဲ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သင် ဝိတ်ချချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ပုံစံတွေအတိုင်း ဝိတ်ချသင့်ပြီး မှားယွင်းနေတဲ့နည်းလမ်းတွေကို ရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အစာမစားခြင်း

အစာမစားဘဲနေတာက မှားယွင်းတဲ့နည်းလမ်းတစ်ခုပါ။ အစာမစားဘဲအဆာခံထားပြီး နောက်မှစားတာက စားတဲ့အခါ ပမာဏများများပိုစားမိတတ်လို့ပါ။

ကယ်လိုရီတွက်စားခြင်း

စားတဲ့အစားအစာတွေက  ဆာလောင်မှု၊ အစာစားချင်စိတ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ ဟော်မုန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိတာကြောင့် ကယ်လိုရီတွက်စားတာက ဝိတ်လျှော့နေတဲ့လူတွေအတွက် ကောင်းပေမယ့် အစားအသောက်အရည်အသွေးကလည်း အရေးကြီးပါတယ်။

ထောပတ်ရှောင်ပါ

ထောပတ်ကို ပုံမှန် စားလေ့ရှိတဲ့လူဆိုရင်တော့ ဝိတ်လျှော့နေတဲ့ကာလမှာတော့ ထောပတ်ကို ရှောင်ဖြစ်အောင် ရှောင်ပါ။ ထောပတ်မှာပါတဲ့ Butyric Acid နဲ့  Medium Chain တို့က ချေဖျက်ရခက်တဲ့ အဆီတွေကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းလုပ်ရင်းချေဖျက်ဖို့တောင်မှ ခက်ခဲ့ပါတယ်။

ဝမ်းနှုတ်ဆေးသောက်ခြင်း

ဝမ်းနှုတ်ဆေးကြောင့် ဝမ်းသွားပြီးတဲ့အခါ ပေါင်ချိန်ကြည့်မိရင် ဝိတ်အနည်းငယ်ကျနေတာကို တွေ့ရတတ်ပါတယ်။ ဒါက တကယ်တော့ ဝိတ်ကျတာမဟုတ်ပါဘူးနော်။ ဝမ်းနှုတ်ဆေးကြောင့် ရေဝိတ်ကျတာမလို့  အဆီတွေကတော့ ကျန်နေအုန်းမှာပါ။