ဝိတ်ချနည်းတွေများစွာရှိပါတယ်။ သို့သော် ဝိတ်ချနည်းတိုင်းက ကျန်းမာရေးနဲ့ညီညွတ်နေမှာတော့မဟုတ်ပါဘူး။ တချို့သောဝိတ်ချနည်းတွေက ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် လူကိုထိစေတာတွေလည်းရှိပါတယ်။ ဒီနေ့ပြောပြချင်တာကတော့ ဝိတ်လည်းကျမယ် ကျန်းမာရေးလည်းမထိခိုက်စေမယ့် ဝိတ်ချတဲ့နည်းလေးတွေပါပဲ။

ဝိတ်ချတော့မယ်ဆိုရင် အရေးအကြီးဆုံးက သကြားနဲ့ ကစီဓာတ်စားသုံးမှုကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ အင်ဆူလင် ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ သင့်အစားအစာတစ်နပ်မှာ ပရိုတင်း၊ အဆီနဲ့ အသီးအရွက်တွေ ပါဝင်သင့်ပါတယ်။

ဒီလိုပုံစံနဲ့ အစာစားခြင်းဟာ ကာဗိုဟိုက်ဒရိတ် စားသုံးခြင်းကို အကြံပေးထားတဲ့အတိုင်း တစ်နေ့ ၂၀-၅၀ ဂရမ် အတွင်းမှာ ကျရောက်စေပါတယ်။ ပရိုတင်းဓာတ် အတွက် အမဲသား၊ ကြက်သား၊ ဝက်သား၊ ဆယ်လ်မွန် ၊ ပုဇွန်၊ ကြက်ဥ တို့ကို စားသုံးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်သီးဆီ တို့ကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။

သင်ဗိုက်ပြည့်အောင် အသီးအရွက်တွေကို စားပါ။ ရေအမြောက်အမြားသောက်ပါ။ အပြင်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ပျင်းလို့ အစာစားတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို အလုပ်ရှုပ်အောင် နေပါ။ အစာစားချိန်မှာ မစားဘဲ နေတာမျိုး မပြုလုပ်သင့်ပါဘူး။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကယ်လိုရီ လောင်ကျွမ်းစေခြင်းထက် ပိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ လမ်းလျှောက်ခြင်း၊ အညောင်းဆန့်ခြင်း၊ လျှောက်သွားခြင်းဟာ အားအင်တွေကို ပိုမိုရရှိစေပြီး ကိုယ်အလေးချိန် ကျဆင်းဖို့လည်းအထောက်အကူဖြစ်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကို (၁၀) မိနစ်ခန့် သုံးခါလောက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ မိနစ်သုံးဆယ်တစ်ခါတည်း လေ့ကျင့်ခန်းလုပ်ခြင်းလိုမျိုး အကျိုးရှိတယ်လို့ ဆိုပါတယ်။

တစ်ခုခုလုပ်နေခြင်းဟာ ဘာမှ မလုပ်ခြင်းထက်တော့ ပိုကောင်းပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း အနည်းငယ်စီ လုပ်သင့်ပါတယ်။ ပြီးရင်တော့ ကိုယ်အလေးချိန်ကျဆင်းလာပြီး အားအင်တိုးလာတာနဲ့ အမျှ လေ့ကျင့်ခန်းလုပ်ဖို့ ပိုမိုလွယ်ကူလာတာကို တွေ့ရမှာပါ။