ဒီနေ့မှာတော့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် မျှဝေမယ့် နည်းလမ်းလေး တစ်ခုကတော့ Tea တစ်ခုပါ။ ခါးပတ်လည်က အဆီတွေကို ကျစေပြီး တစ်ပတ်အတွင်းမှာ ခန္ဓာကိုယ် ပုံသဏ္ဍန် ပြောင်းသွားစေနိုင်မယ့် နည်းပါ။
တစ်ခု သတိထားရမှာကတော့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်တာတွေ ရှိတတ်တာကြောင့် Diet Plan လုပ်တော့မယ်ဆိုတိုင်း ကိုယ်ရဲ့ အနီးနားက ဆရာဝန်နဲ့ တိုင်ပင်ပါ။
လုပ်ရမယ့် နည်းနဲ့ ပါဝင်ပစ္စည်းတွေကတော့ အရမ်း လွယ်ကူပါတယ်။ တစ်နေ့ကို ၃ခွက် သောက်ရပါမယ်။ အထိုင်မများ ရပါဘူး။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်။ အနည်းဆုံးတော့ လမ်း နာရီဝက်လောက် လျှောက်ပေးပါ။
တစ်မှတ်တိုင်စာလောက် လျှောက်ရင်ပဲ အဆင်ပြေလှပါပြီ။ အိမ်သန့်ရှင်းလုပ်တာ၊ လှေကားတက်တာတွေကိုလည်း ပြုလုပ်ပေးလို့ ရပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
- ရေ ၁ လီတာ
- သစ်ကြပိုးခေါက် အရွယ်တော် တစ်ချောင်း
- ကရဝေးရွက် ၅ ရွက်
ပြုလုပ်ပုံ
သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက် လက်ဖက်ရည်ဟာ လုပ်ရတာ အရမ်းကို လွယ်ကူတဲ့ တစ်မျိုးပါ။ ရေ ၁လီတာကို ဆူအောင် တည်ပြီး သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်တွေကို ထည့်ပါ။
၁၅ မိနစ်လောက်ကြာတဲ့ အထိ တည်ထားပါ။ ပြီးရင် မီးဖိုက ချပြီး အအေးခံထားပါ။
အသုံးပြုပုံ
– မနက် အိမ်ယာထ တစ်ခွက် သောက်ပါ။ ပြီးမှ မျက်နှာသစ်တာနဲ့ အခြား လုပ်စရာတွေကို လုပ်ပါ။
– မနက်စာ စားပြီးပြီးချင်းမှာ ဒုတိယ တစ်ခွက်ကို သောက်ရပါမယ်။
– အိပ်ယာ မဝင်ခင် တစ်ခွက်သောက်ပါ။
တစ်ပတ်သောက်ပြီးတဲ့ အခါ သင့်ခါးဟာ အနည်းဆုံး ၈စင်တီမီတာလောက် ကျနေပါပြီ။
ဒီ လက်ဖက်ရည်ဟာ ခါးပတ်လည်က အဆီတွေကို ကျစေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သစ်ကြပိုးခေါက်နဲ့ မတည့်သူတွေ သွေးအားနည်းသူတွေ မသောက်သင့်ပါဘူး။
အထူးသတိပြုရန် – ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေသူတွေ လုံး၀ မသောက်သင့်ပါဘူး။ ကလေးတွေကို အဝလွန်နေတယ်ဆိုပြီး မတိုက်သင့်ပါဘူး။ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ ရောဂါ ရှိသူ၊ အသည်း ရောဂါ ရှိသူတွေ လုံး၀ မသောက်သင့်ပါဘူး။