ဝိတ်ချတယ်ဆိုတာ သိပ်တော့ မရိုးရှင်းပါဘူး။ အစားလျှော့စားတာနဲ့ ဝိတ်ကျသွားမယ်လို့ မတွေးသင့်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်ခန္ဓာအချိုးကျ သွယ်လျချင်တယ်ဆိုရင် အစားအသောက် ဂရုပြုဖို့ လိုပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ အစားအသောက်က ၈၀% နဲ့ အားကစားက ၂၀% နဲ့ ပြုပြင်ရမှာပါ။ Diet အဖြစ် ကျန်းမာရေးနဲ့ ညီအောင် စားသောက်ရာမှာ အခုပြောတဲ့ အမှားတွေ ရှောင်ရှားဖို့ လိုပါတယ်။

(၁) ကယ်လိုရီ တွက်ချက်မှု မလုပ်ခြင်း

Dieter လုပ်ပြီဆိုရင် စားသမျှ အစားအသောက်တိုင်းရဲ့ သက်ရောက်မှုကို ထည့်သွင်းဆင်ခြင် ရမှာပါ။ မနက်စာ ၊ နေ့လည်စာနဲ့ ညစာတွေ စားရာမှာ အာဟာရဓါတ်ပါဝင်မှုကို တွက်ချက်ပြီး အစီအစဉ်အတိုင်း ကယ်လိုရီပမာဏကြည့် စားသင့်ပါတယ်။

(၂) အလွန်အကျွံလည်း မဖြစ်ပါစေနဲ့

အစားအသောက် ရှောင်တယ်ဆိုပေမယ့် တစ်ဖက်မှာလည်း အစွန်းမရောက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်မှာ လိုတဲ့ ဓါတ်သဘာဝတွေ ရှိပါတယ်။ မျှမျှတတ စားသောက်မှုနဲ့ ခြိုးခြံတဲ့ အလေ့သာ အရင်ဆုံး အကျင့်ဖြစ်အောင် မွေးရမှာပါ။

(၃) သစ်သီး အစားများခြင်း

သစ်သီးဝလံတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့်လည်း သစ်သီးအစားများတာဟာ သကြားဓါတ်ကို မသိမသာ သယ်ဆောင်ရာလည်း ရောက်ပါတယ်။

သစ်သီးကနေ အာဟာရဓါတ်ကို ရယူဖို့ဆိုရင် မနက်စာမှာ သစ်သီးအပြင် ပရိုတိန်းနဲ့ အဆီပါတဲ့ ဒိန်ချဉ်လိုမျိုး အစားအသောက်နဲ့ ရောစားဖို့ အကြံပြုကြပါတယ်။

(၄) မနက်စာ မစားခြင်း

မနက်စာဟာ အရေးပါဆုံး အာဟာရပါ။ ညစာကိုပဲ ရှောင်သင့်ပြီး မနက်စာကိုတော့ မပျက်မကွက် စားပေးသင့်သလို ကောင်းကောင်းလည်း စားပေးသင့်ပါတယ်။ တကယ်လို့ မနက်စာကို လျှော့စားချင်သေးတယ်ဆိုရင်တော့ ဂျုံကွေကာ ယာဂုတစ်ခုကို မနက်ဘက် စားပေးဖို့ တိုက်တွန်းပါတယ်။

(၅) ကာဗွန်ဟိုက်ဒရိုက် လုံးဝ ရှောင်ခြင်း

Carbs တွေကြောင့် အဆီတက်ပြီး ဝတယ်ဆိုတာ မမှားပါဘူး။ ဝိတ်ကျချင်တယ်ဆိုရင် Carb စားတာ လျှော့ရမှာပါ။ ဒါပေမယ့်လည်း လုံးဝကြီး ရှောင်မယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

ဒီတော့ ကာဗွန်ဟိုက်ဒရိတ်လည်း ရမယ့် ပေါင်မုန့် ၊ ထမင်း ၊ အာလူး စတာတွေ အနည်းအကျဉ်း စားပေးနိုင်ပြီး စားရင်လည်း မနက်စာတွေမှာ စားပေးသင့်ပါတယ်။