ညိုချောလေးတွေအတွက် အသားအရေကောင်းသလို ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေစေမယ့် Dewy Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေတဲ့ Makeup Look လေး ဖြစ်ပါတယ်။

အရင်ဆုံး Skincare သေချာလိမ်းပါ။

ဝက်ခြံအမာရွတ်တွေကို Concealer နဲ့ ဖုံးပါမယ်။

Dewy Look လေးပြင်မှာဖြစ်တဲ့အတွက် Foundation ကို Serum ပါတာလေး လိမ်းပါမယ်။

Bronzer ကို Brush နဲ့ယူပြီး ပါးရိုးနဲ့မေးရိုးချပါမယ်။

Concealer နဲ့ မျက်လုံးအောက် မျက်ကွင်းညိုတဲ့နေရာ၊ နဖူးအလယ်၊ နှာတံ၊ မေးစိနဲ့ နှုတ်ခမ်းဘေးနားလေးကို လိမ်းပါမယ်။ အသားအရောင်မညီတဲ့နေရာတွေဖြစ်လို့ Concealer သုံးပြီး ညီအောင်ညှိုပေးရမှာပါ။

ပါးနီကို Cream (သို့) Tint လေးသုံးပါမယ်။ ဒီမှာတော့ Tint ကိုမှ Peach Color လေးသုံးထားပါမယ်။

မိတ်ကပ်သားမရွေ့အောင် Setting Powder လိမ်းပါမယ်။ လိမ်းတဲ့အခါမှာ အများကြီးယူလိမ်းတာမျိုးမလုပ်ပဲ တစ်နေရာချင်းစီကို ဖွဖွလေးပုတ်ပြီးလိမ်းပေးပါ။

မျက်ခုံးမွှေးရှိပြီးသားသူဆိုရင် Brow Gel နဲ့ပဲ မျက်ခုံးမွှေးကို ဖြီးလိုက်ပါ။ မျက်ခုံးမွှေးမရှိတဲ့သူဆိုရင်တော့ ကိုယ်ဆွဲနေကျအတိုင်းဆွဲပြီးတော့မှ Brow Gel နဲ့ မျက်ခုံးမွှေးကို ဖြီးပေးပါ။

Rose Color Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။

အညိုရောင် Eyeshadow ကို မျက်ခွံမျက်ရစ်နားလေးမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပါမယ်။

အညိုထက်ရင့်တဲ့အရောင်ကို Brush အပြားလေးနဲ့ယူပြီး Eyeliner ဆွဲသလိုလေး ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Eyeshadow အညိုရောင်ကိုသုံးပြီး နှာတံဖော်ပါမယ်။

မျက်လုံးပိုထင်းပြီးလှသွားအောင် Gel Pencil Eyeliner နဲ့ မျက်လုံးအတွင်းနားလေးကို ကပ်ပြီးတော့ ထပ်ဆွဲပေးပါ။

Setting Spray ဖြန်းပါမယ်။

ပြီးတော့မှ Highlighter နဲ့ နှာတံ၊ မျက်လုံးအောက်နား၊ မျက်ခွံတို့ကို နည်းနည်းခြယ်ပါမယ်။ မျက်ခုံးအောက်နားနဲ့ ပါးမို့နှစ်ဖက်ကိုလည်း နည်းနည်းခြယ်ပါမယ်။ ဒါမှ ကြည်ကြည်ပြောင်ပြောင်လေး ပိုဖြစ်နေမှာပါ။

နှုတ်ခမ်းနီဆိုးဖို့အတွက် Lip Balm အရင်ဆိုးပါ။ ပြီးမှ Peach Color ဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်လေးကို ဆိုးပါမယ်။ Dewy Look ဖြစ်တဲ့အတွက် နှုတ်ခမ်းနီကို Matte Type တွေ မဆိုးပါနဲ့။

ဒါဆိုရင်တော့ ညိုချောလေးတွေအတွက် အရမ်းလှတဲ့ Dewy Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။