ဝမှလှတယ်လို့ ဝတဲ့လူတွေက ပြောကြသလို ပိန်မှလှတယ်လို့ ပိန်တဲ့လူတွေကလည်း ပြောကြပါတယ်။ ဘယ်လိုပဲပြောပြော လူတစ်ယောက်ချင်းစီရဲ့အမြင်တွေက မတူညီကြပါဘူး။ ဒါကို လက်ခံထားဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မှာတော့ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။

ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။

Photo: The Honour System

ယောက်ျားလေးတွေဟာ ဝိတ်ကျဖို့နဲ့ ကျန်းမာရေးအတွက် gym ကိုအလေးထားကစားလာကြပါတယ်။ ယနေ့ခေတ်မှာတော့ ကိုယ်အလေးချိန် လျှော့ချလိုသူတွေကြားမှာ Detox Water ကနာမည်ကြီးလာပါတယ်။

လူတော်တော်များများကတော့ Detox Water ကို ကိုယ်အလေးချိန်ကျဖို့အတွက် သောက်သုံးကြပေမယ့် လက်တွေ့မှာ လူတွေထင်မထားမိတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ များစွာ ရှိနေတာကို ကျွမ်းကျင်သူတွေက တွေ့ရှိထားပါတယ်။

Photo: The Economic Times

စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အအေး၊ အချိုရည်တွေအစား သစ်သီးစိမ်ထားတဲ့ Detox Water ကို အစားထိုးပြီး သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်။

Detox Water ကိုသောက်သုံးပေးခြင်းဖြင့် ပထမဆုံး ကိုယ်အလေးချိန် ကျစေပါတယ်။ ကိုယ်ခန္ဓာ ထဲမှာရှိတဲ့ အဆိပ်အတောက်တွေ ပြေစေပြီးတော့ အစာခြေစနစ်ကို ကောင်းမွန်စေကာ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။ ပြီးတော့ အသားအရေ ကြည်လင်ဝင်းပစေတဲ့အပြင် စိတ်ကိုလည်းကြည်လင်လန်းဆန်းစေတယ်။

Detox Water ပြုလုပ်နည်း

Photo: Foodal

အိမ်မှာ အလွယ်တကူ လုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ သစ်သီးမျိုးစုံကို လှီးစိတ်ကာ ရေပူ သို့မဟုတ် ရေအေးထဲ ထည့်စိမ်ထားပါ။ ပါဝင်တဲ့ အမယ်ပစ္စည်းများလေ အရသာ ပိုရှိမှာ ဖြစ်ပါတယ်။

အချိန်သိပ်မပေးနိုင်ရင် သစ်သီးတွေကို အရင် ကြိတ်ချေပြီး ရေထဲ ထည့်စိမ်ပေးပါ။
Detox Water ထဲ အများဆုံး ထည့်စိမ်တတ်ကြတဲ့ သစ်သီးတွေက ဘာတွေလဲ။

သခွားသီး နှင့် ပူစီနံ
သံပရိုသီး နှင့် ချင်း
ဖရဲသီး နှင့် ပူစီနံ
လိမ္မော်သီး နှင့် သံပရိုသီး
စတော်ဘယ်ရီသီး နှင့် ပင်စိမ်း

ပန်းသီး နှင့် သစ်ကြံပိုးခေါက် တွေဟာ လူတွေ အများဆုံး တွဲဖက် စိမ်တတ်ကြတဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။