ကိုယ်အလေးချိန် ချလိုသူတွေနဲ့ ပေါ့ပါးလန်းဆန်းမှုမရှိ ဖြစ်နေသူတွေအတွက် ဒီနည်းလမ်းလေးကို စမ်းကြည့်နိုင်ပါတယ်။ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါ။ ကိုယ်တိုင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ထိရောက်ရောက် ကောင်းကျိုးခံစားရနိုင်မှာပါ။ Detox Water ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်ပြီး စိတ်နဲ့ကိုယ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။
Source: Ovation for Men
လိုအပ်တာကတော့ သခွားသီး၊ ပူဒီနာ (ပူစီနံ)၊ သံပရိုသီးနဲ့ ဂျင်းတို့ပဲ ဖြစ်ပါတယ်။ သခွားသီးအသေးတစ်လုံး၊ သံပရိုသီးတစ်လုံးတို့ကို ပါးပါးလှီးပါ ။ ပူဒီနာ ၁၂ ရွက်ကို လက်နဲ့အနည်းငယ်ချေပါ ။ ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို လိုအပ်ပါတယ် ။ အားလုံးပြင်ဆင်ပြီးရင်တော့ ရေ ၂ လီတာနဲ့ ပေါင်းစပ်ပေးရမှာပါ ။
Source: Tennis Life Magazine
ရလာတဲ့ Detox Water ကို ဖန်ပုလင်းထဲမှာထည့်ပြီး သောက်ပေးရုံပါပဲ။ ရေအစားထိုး သောက်ပေးရမှာဖြစ်ပြီး ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်တဲ့ အပြင် လူကို ပေါ့ပါးလန်းဆန်းစေနိုင်မှာဖြစ်ပါတယ်။ အဆီတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ဖို့အတွက် ကိုယ်တိုင်ပြုလုပ်ထားတဲ့ Detox Water ကို ပုံမှန်အတိုင်း သောက်ပေးရင် လေးရက်အတွင်း သိသာလာပါလိမ့်မယ်။
Credit: duwun & LwinPyin