လက်သည်းလေးတွေက ကျန်းမာနေရင် လက်သည်းနီမဆိုးထားရင်တောင်မှ ကြည့်လိုက်တာနဲ့ လက်သည်းလေးတွေက ရှင်းပြီးသန့်နေမှာပါ။ ဒါတင်ဘဲမဟုတ်သေးပါဘူး.. သင့်လက်သည်းတွေက သင့်ကျန်းမာရေးအခြေအနေကို ပြောပြနိုင်တာမလို့ လက်သည်းစောင့်ရှောက်မှုကလည်း တကယ်အရေးကြီးပါတယ်။ ကျန်းမာတဲ့လက်သည်းလေးတွေရဖို့က သေချာဂရုစိုက်မှ ရမှာပါ။
ဒါကတော့ ကျန်းမာတဲ့လက်သည်းလေးတွေ ရဖို့ Dermatologists တွေရဲ့အကြံပြုချက်တွေပါ။
လက်သည်းအောက်မှာ ဘတ်တီးရီးယားတွေပေါက်ဖွားတာနဲ့ရှိတာကို ကာကွယ်ဖို့ လက်သည်းတွေကို သန့်သန့်လေးနဲ့ခြောက်ခြောက်လေးထားပါ။
ထက်တဲ့လက်သည်းညှပ်ကိုသုံးပြီး လက်သည်းတွေကို ပုံကျနေအောင် သေချာလေးညှပ်ပေးပါ။ ညှပ်ပြီးတိုင်း လက်သည်းလေးတွေကို တံစဉ်းတိုက်ပေးပါ။ ဒါမှ လက်သည်းအစွန်းတွေမထွက်ဘဲ ပုံကျတဲ့လက်သည်းကို ရမှာပါ။
လက်သည်းကိုက်တာမျိုးကို ရှောင်ပါ။ ဒီလိုလုပ်တာက လက်သည်းတွေကို ပျက်စီးစေနိုင်ပါတယ်။
အအေးဘူး ၊ သံဘူးတွေဖွင့်တဲ့အခါ လက်သည်းကို သုံးမိရင် လက်သည်းကျိုးတာ ၊ ခေါက်တာ ၊ ပဲ့တာ ၊ လန်တာမျိုးတွေဖြစ်တတ်တာမလို့ လက်သည်းနဲ့ဖွင့်တာမျိုးကို ရှောင်ပါ။
ရေအလွန်အကျွံထိတာများရင် လက်သည်းတွေအားနည်းလာပြီး ကျိုးတာ ၊ ပဲ့ထွက်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အိမ်အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် ပန်းကန်ဆေးတဲ့အခါ လက်အိတ်စွပ်ပြီးမှ ဆေးပါ။
လက်သည်းတင်မဟုတ်ဘဲ ခြေသည်းကိုလည်း သေချာဂရုစို်က်ဖို့ လိုပါတယ်။ ခြေသည်းတွေကို ပုံမှန်ညှပ်ပေးပါ။ ခြေသည်းတွေမာပြီး ညှပ်ရခက်နေရင် ခြေထောက်ကို ရေနွေးနွေးထဲ ဆားနည်းနည်းထည့်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်စိမ်ထားပါ။ ပြီးမှ ညှပ်ပါ။