ဂျင်းဖက်ရှင်က ဘယ်တော့ကြည့်ရိုးမသွားတဲ့ဖက်ရှင်ပါ။ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီတွေတင်မကဘဲ အမျိုးမျိုး ထုတ်လာကြတာတွေ့ရပါတယ်။

၇၀ ခုနှစ်အစောပိုင်းကတည်းက ဂျင်းဖက်ရှင်က ခေတ်စားလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ စတိုင်အသစ်တွေ၊ ဒီဇိုင်းအသစ်တွေကလည်း တဖြည်းဖြည်းနဲ့ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာပါတယ်။

ဝတ်ပုံစားပုံတွေကလည်း အမျိုးမျိုးပြောင်းလဲလာတာနဲ့အမျှ ဂျင်းဖက်ရှင်ကို ဘယ်တော့မှ ဒိတ်အောက်မသွားဘဲ စတိုင်မိမိဝတ်စားဆင်ယင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ဒီတခါမှာတော့ လူငယ်တွေအားလုံးနှစ်သက်မယ့် ဂျင်းဝမ်းဆက်ဖက်ရှင်တွေကို မျှဝေပေးသွားပါမယ်နော်။ အားလုံးအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ဂျင်းရှပ်အကျီနဲ့ ဂျင်းဘောင်းဘီရှည်

ဂျင်းကုတ်အကျီနဲ့ ဂျင်းစကပ်

တစ်ဆက်တွဲ ဂျင်း Playsuit 

Image Source: Pinterest