Crush ရတဲ့သူ ရှိလားရှင့်။ သူနဲ့ Chat Box မှာဖြစ်ဖြစ် ဖုန်းနဲ့ Messages ပို့ရင်ပဲဖြစ်ဖြစ် တခါတလေသူ့ဖက်က ပြန်ပို့လာတဲ့ နားလည်ရခက်တဲ့ စကားတွေကို ဒီလိုဘာသာပြန်ရအောင်ပါ။

စကားတစ်လုံးတည်း ပြန်ပြောခြင်း

အိုကေ၊ ကေကေ၊ Yes ၊ No စသဖြင့် စကားတစ်လုံးတည်း သင့်ကို ပြန်ပို့လာတာဟာ သင့်အတွက် အခြေအနေမကောင်းဘူးလို့ ယူဆနိုင်ပါတယ်။ သူ့အတွက် သင်ဟာ သိပ်အရေးမပါတဲ့သူတစ်ယောက်လို့ပဲ ယူဆလိုက်ပါ။

ကိုယ်မင်းကို အသိပေးလိုက်မယ်လေ (သို့) ပြီးတော့မှပြောမယ်လေ

သင့်အနေနဲ့ တစ်ခုခုသွားစားဖို့ (သို့) ညစာသွားစားဖို့ သူ့ကို ချိန်းတဲ့အခါ သွားမသွားကို သင်ချက်ချင်းသိချင်မှာပါ။ ဒါပေမယ့် ပြီးတော့မှ ပြန်ပြောမယ် နော်ဆိုပြီး ပြောတာဟာ သူတို့အနေနဲ့ တခြား ဘာအစီစဉ်ရှိသလဲဆိုတာကို အရင်ကြည့်ကြည့်တာ ဖြစ်နိုင်သလို နောက်တစ်ချက်ကတော့ သင်နဲ့ လိုက်သင့်မလိုက်သင့်ကို အချိန်အနည်းငယ်ယူပြီးဆုံးဖြတ်နေတာလဲပါပါတယ်။ လိုက်မယ်ဆိုရင်တော့ သင့်အတွက် အခြေအနေကောင်းသလို မလိုက်ဘူးလို့ ငြင်းရင်လည်း အရမ်းဖိအားမပေးလိုက်ပါနဲ့နော်။

ကိုယ်တကယ် အလုပ်ရှုပ်နေလို့ပါ

သင့်အနေနဲ့ စာခဏခဏပို့ပေမယ့် သူ့ဖက်က စာပြန်မပို့ဘူး (သို့) စာတိုတိပဲပို့တယ်၊ (သို့) အချိန်အတန်ကြာမှ စာပို့တယ်ဆိုရင် သင့်အနေနဲ့ ဘာဖြစ်လို့လဲဆိုတာကို အရင်မေးလိုက်ပါ။ သူ့ဖက်က အခုလို အလုပ်ရှုပ်နေလို့ တကယ်မအားလို့ပါလို့ ပြန်ဖြေရင် အသာလေးပဲစောင့်နေလိုက်ပါ။ သူသင့်ကို စိတ်ဝင်စားရင် ပြန်ဆက်သွယ်လာမှာဖြစ်ပါတယ်။

Good Morning နဲ့ Good Night

အခုလို မက်စေ့မျိုးရတယ်ဆိုရင်တော့ သင့်အတွက် အခြေအနေကောင်းတယ်လို့ ယူဆလိုက်ပါတော့နော်။

Emoji လေးတွေပဲပို့တယ်

Crush ဆီက နားလည်ရခက်တဲ့ message တွေကို ဘယ်လိုဘာသာပြန်မလဲ

သင့်အနေနဲ့ ရုပ်ပြောင် Emoji ပို့တဲ့အခါ သင့်ကိုလည်း အဲဒီလိုပြန်ပို့လေ့ရှိလား။ ဒါမှမဟုတ်ပြန်မပို့ဘူးလား။ မျက်လုံးတစ်ဖက်မှိတ်တဲ့ပုံပြန်ပို့တာလား။ ဒီလိုဆိုရင်တော့ သင့်အတွက် အလားအလာကောင်းပါတယ်နော်။

ညည့်နက်မှ ပို့ခြင်း

ဒါကတော့ ခန့်မှန်းရခက်ပါတယ်။ ရိုးရိုးသားသား (သို့) ရည်ရွယ်ချက်ရှိရှိ ပို့တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုစာပို့ရင်းမှ သင့်ကိုတွေ့ဖို့ ချိန်းတယ်၊ သတိရတဲ့အကြောင်းပြောရင်တော့ သူသင့်ကို စိတ်ဝင်စားနေတာဖြစ်နိုင်ပါတယ်။