ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ထိုင်းမင်းသမီးလေး Davika Hoorne ရဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ဖို့ ဘယ်လိုပို့စ်ပေးရမလဲဆိုတာကို စဉ်းစားရတာလည်း အလုပ်တစ်ခုလိုပါပဲ။ ဒါကြောင့် ဒီပို့စ်ပေးနည်းလေးတွေက အသုံးဝင်စေမှာပါ။

ကော်ဖီဆိုင်လေးတွေ၊ အအေးဆိုင်လေးတွေမှာ Davika ရဲ့ ဒီလိုပို့စ်မျိုးလေးပေးပြီး ရိုက်ကြည့်ပါ။

Davika လို ထိုင်ခုံပေါ်မှာ ဒီလိုလေးလည်း ထိုင်ပြီးရိုက်ကြည့်ပါ။ အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိတဲ့ ပို့စ်ပေးနည်းလေးပါ။

ဆိုင်မှာထိုင်ပြီးတော့ပဲ့ဖြစ်ဖြစ်၊ ထိုင်ခုံမှာထိုင်ပြီးတော့ပဲဖြစ်ဖြစ် တစ်ကိုယ်လုံးပုံပေါ်အောင်ရိုက်မယ်ဆိုရင် Davika လိုမျိုးလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကမ်းခြေသွားရင် Davika ဝတ်ထားသလို ဂါဝန်လေးဝတ်ပြီး အဲ့လိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။ သူများထက်လည်းပိုပြီးတော့ ဆန်းပါတယ်။

စတိုင်လ်ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ ပို့စ်မျိုးပေးချင်ရင်တော့ Davika ရဲ့ ဒီပို့စ်လေးက အရမ်းမိုက်ပါတယ်။ နေပြောက်ထိုးတဲ့နေရာမျိုးမှာရိုက်ရင်တော့ ပိုပြီးမိုက်ပါတယ်။

ဆိုင်မှာထိုင်ပြီး အအေးသောက်နေတဲ့ပုံလေးရိုက်မယ်ဆိုရင် ပို့စ်ပေးတဲ့အခါမှာ ခပ်မိုက်မိုက်လေးနဲ့ စတိုင်လ်ကျနေအောင် Davika လို ခြေထောက်ချိတ်ထိုင်ပြီး ပို့စ်ပေးကြည့်ပါ။

မိန်းကလေးတွေ ဆံပင်စည်းနေတဲ့ပုံလေးရိုက်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်နော်။

ဝရံတာလိုနေရာတွေ၊ တိုက်အမြင့်အပေါ်ဆုံးထပ်တွေမှာ Portrait ရိုက်ရင် ဒီလိုပို့စ်မျိုးလေးပေးပြီး ရိုက်ကြည့်သင့်ပါတယ်။ အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။

Portrait ကို အနီးကပ်ရိုက်ပြီး ဒီလိုမျိုးလေးပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

photo source: www.pinterest.com