အားလုံးပဲမင်္ဂလာပါနော်။ ထိုင်းမင်းသမီးလေး Davika Hoorne ကိုအားလုံးသိကြမှာပါ။ Pee Mak ဇာတ်ကားနဲ့ မြန်မာနိုင်ငံမှာ လူသိများခဲ့သူလေးဖြစ်ပြီး အရမ်းလည်းချစ်စရာကောင်းပါတယ်နော်။
နာမည်ပြောင်က Mai ဖြစ်ပြီးတော့ ထိုင်း သရုပ်ဆောင်နဲ့ မော်ဒယ်ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်က ခေါင်းဆောင်မင်းသမီးအဖြစ် ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပွဲဦးထွက်ခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ အများကြီးရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။
Davika Hoorne ကို ၁၉၉၂ ခုနှစ် မေလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
အရပ်အမြင့်ကတော့ ၁.၇၅ မီတာ (၅ပေ ၈.၈၉ လက်မ) ရှိပြီး အရပ်မြင့်မြင့်နဲ့ ဘော်ဒီအမိုက်စား မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ဖက်ရှင်ပိုင်းမှာလည်းအမိုက်စားနဲ့ တကယ်ကို လန်းနေသူလေးပါ။
မြန်မာနိုင်ငံမှာလည်း Davika Hoorne ရဲ့ ပရိသတ်တွေ ရှိမယ်လို့ မျှော်လင့်ပါတယ်နော်။ သူ့ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။
Photo: www.pinterest.com