ပို့စ်ပေးရခက်နေတဲ့သူတွေနဲ့ ပို့စ်ကောင်းကောင်းမလုပ်တတ်တဲ့ စုံတွဲတွေအတွက် Couple ပုံရိုက်ဖို့ အိုင်ဒီယာရသွားစေမယ့် Davika နဲ့ Chantavit တို့ရဲ့ချစ်ဖို့ကောင်းတဲ့ပုံလေးတွေ၊ သူတို့ရဲ့ပို့စ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဒီလိုလေးကြည့်ပြီး ပြုံးရယ်နေတဲ့ပုံလေး ရိုက်ဖြစ်အောင်ရိုက်ပါ။ အရမ်း Sweet ဖြစ်ပါတယ်။

ဒီလိုပုံလေးလည်း ရိုက်ကြည့်ပါ။ Couple Goal ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုတစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး လမ်းလျှောက်ရင်း ရယ်မောနေတဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ အမှတ်တရဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကောင်မလေးကို ဓာတ်ပုံရိုက်ပေးနေတဲ့ပုံစံလေးလည်း သူများကိုရိုက်ခိုင်းပါ။ အရမ်း Sweet ဖြစ်ပါတယ်။

ကောင်လေးကို ဓာတ်ပုံရိုက်ပေးနေတဲ့ပုံစံလေးလည်း ပြန်ရိုက်ကြည့်ပါ။ ပိုချစ်ဖို့ကောင်းပြီး ရိုလည်းရိုပါတယ်။

ဒီလိုနှစ်ယောက်တွဲ ကြည်နူးပြီးလမ်းလျှောက်လာတဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ Couple တိုင်း ရိုက်ကြည့်သင့်ပါတယ်။

ကောင်လေးက Suit လေးဝတ်ထားရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ရိုပြီး အရမ်း Sweet ဖြစ်ပါတယ်။

Couple တွေအနေနဲ့ အရောင်ဆင်တူလေးဝတ်ပြီး ဒီလိုပုံစံလေးလည်း ရိုက်ခဲ့ဖို့မမေ့ပါနဲ့။ အရမ်းလှပြီး မိုက်လည်းမိုက်ပါတယ်။

ပန်းစည်းလေးလက်ဆောင်ရတဲ့အခါ တစ်ယောက်ထဲမရိုက်ပါနဲ့။ ကောင်လေးနဲ့ ဒီလိုလေးတူတူရိုက်ကြည့်ပါ။ ကြည်နူးစရာကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ပို့စ်တွေအရမ်းမလုပ်တတ်ရင် ဒီလိုလေးလိုက်ရိုက်ကြည့်ပါ။ ပို့စ်ပေးရတာလည်း လွယ်ပါတယ်။

Couple တွေ ရှိုးအရမ်းထုတ်ပြီးပို့စ်ပေးတာထက် တစ်ခါတစ်လေကျရင် ဒီလိုပုံလေးတွေရိုက်တာကလည်း ချစ်ဖို့အရမ်းကောင်းပါတယ်။

ပေါ့ပေါ့ပါးပါးပုံစံလေးဖြစ်အောင် ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်ပါ။

photo source:www.pinterest.com