လူတွေနဲ့ သိပ်အရောမဝင်ဘဲ တစ်ယောက်တည်းသီးသန့်နေတတ်ကြတဲ့သူတွေက Introvert သမားတွေပဲ့ဖြစ်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက်တွေကို လုံးဝမကြိုက်တဲ့အပြင် တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို ပိုခုံမင်တတ်ကြတဲ့သူမျိုးပေါ့။ မာနကြီးတယ်လို့လည်း ပြောလို့မရပါဘူး။ သူတို့က အပေါင်းအသင်းဆိုရင်လည်း များများစားစားမရှိဘဲ အေးအေးဆေးဆေးသမားတွေပါ။

သင်က ဒီလို Introvert ကောင်လေး ကောင်မလေးတွေကို တွဲဖို့ရည်ရွယ်ထားတာပဲ့ဖြစ်ဖြစ် ချစ်သူအနေနဲ့လက်တွဲထားမိရင်တော့ ဒီအချက်လေးတွေကို သိထားဖို့လိုအပ်ပါတယ်နော်။

စိတ်ရှည်ပါ

သူက ရေခဲတုံးကြီးလို အေးစက်တဲ့အချိန် အရေးကြီးတာက စိတ်ရှည်ပေးဖို့ပါပဲ့။ စိတ်ရှည်တဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ သူတို့ကို တစ်ယောက်တည်းသီးသန့်နေဖို့ အချိန်ပေးတာ၊ သူတို့ကို အားပေးစကားပြောပေးရမလား မေးတာတွေ ပါဝင်ပါတယ်။

သူတို့ရဲ့အားသာချက်တွေကို မြင်တတ်ပါစေ

အားသာချက်တွေမှာ ဘာတွေပါလဲဆိုတော့ သူတို့ဟာ တစ်ယောက်တည်းနေတတ်ပေမယ့် အထီးကျန်တဲ့သူတွေ မဟုတ်တာ စတာတွေ ပြောပြပေးပါ။ ဒီလိုအားပေးတာက သူတို့ကို အရင်ကထက် လူတောထဲတိုးဖို့ တွန်းအားပေးသလိုပါပဲ။

သူ့အတွက် လုံခြုံအေးချမ်းတဲ့ကမ္ဘာလေးကို ဖန်တီးပေးပါ

သူ့ကို လူရှုပ် လူများတဲ့နေရာတွေကို အတင်းခေါ်သွားတာမျိုး မလုပ်မိပါစေနဲ့။ Introvert တွေက လူရှုပ်တဲ့လူတောထဲသွားရမှာကို အမုန်းဆုံးပါပဲ။

တခြား Introvert တွေနဲ့ပေါင်းကြည့်ပါ

သင့်ချစ်သူနဲ့ ပုံစံတူတဲ့သူတွေနဲ့ လိုက်ပေါင်းတာကလည်း သင့်ချစ်သူအကြောင်းကို ပိုသိရစေပါတယ်။

ဝေဖန်တာမျိုး မလုပ်မိစေပါနဲ့

သူတို့ကို ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ကိုယ့်အတွက် လုပ်ပေးတဲ့အရာကို တန်ဖိုးထားပါ။ သူ သင့်ကို ပိုပြီးချစ်လာပါလိမ့်မယ်။

သင်တို့နှစ်ယောက်လုံးအတွက် ကိုယ်ပိုင်အချိန်လေး ထားပေးပါ

Introvert တွေက တစ်ယောက်တည်းနေရတာကို သဘောကျသူတွေမို့လို့ သင်သူ့ကို တကယ်ချစ်ရင် သူ့တစ်ယောက်တည်းနေဖို့ သီးသန့်အချိန်လည်းပေးဖို့ လိုအပ်ပါတယ်။

သူတို့စကားတွေကို ပုဂ္ဂိုလ်ရေးအရ ဆွဲမတွေးပါနဲ့

သူတို့က တစ်ယောက်တည်းနေချင်တယ်ပြောရင် သင့်ကို အလိုမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ရဲ့ နဂိုနေနေကျပုံစံမျိုးကို လိုချင်ရုံပါပဲ။

မေးခွန်းတွေ မေးပါ

Introvert တွေက သူတို့အတွေးတွေကို ပြောရမှာထက် ဖြေရတာမျိုးကို ပိုနှစ်သက်ပါတယ်။ သူတို့ကို ဖိအားမပေးဘဲ အချိန်ပေးပါ။

ကြိုတင်စီစဉ်ပြင်ဆင်တာ

ကြိုစီစဉ်ထားတာက Introvert တွေရဲ့ မိတ်ဆွေပါပဲ။ ပြက္ခဒိန်မှာ သင်တို့ဘယ်တော့ အပြင်သွားမလဲ။ ဘယ်တော့ဘာလုပ်မလဲ ကြိုတင်ပြင်ဆင်တာတွေ စီစဉ်တာတွေကို Introvert တွေက သိပ်သဘောကျပါတယ်။

သူတို့လိုအပ်ချက်တွေကို ဂရုစိုက်ပေးပါ

သူတို့အဆင်မပြေဖြစ်နေလား သူတို့ဘာလိုအပ်နေလဲဆိုတာကို အမြဲအာရုံစိုက်ပေးပါ။

Source: Herbeauty.co