ကောင်လေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်တွေက သူဝတ်ဆင်တဲ့အဝတ်အစားတွေနဲ့လည်း ဆိုင်ပါတယ်။ ရုပ်ကြီးကမင်းသားကြီးလိုချောစရာမလိုပါဘူး သူဝတ်စားတဲ့အဝတ်အစားတွေက သေသေသပ်သပ်ရှိပြီး သန့်ပြတ်နေရင်တောင်ရပါပြီ။ Date လုပ်တဲ့အခါမှာပထမဆုံးတွေ့ဆုံမှုက အရေးကြီးပါတယ်။ နောက်တွေ့ဆုံတာ များလာရင်တော့ သူ့အကြောင်းကိုယ်အကြောင်းလည်း သိသွားပြီဆိုရင်တော့ အရမ်းကြီးပြင်ဆင်ပြစရာ မလိုတော့ဘူးပေါ့။

First Date

Cotton Shirt အဖြူရောင်လေးနဲ့ Jean Pants လေးကိုသာ၀တ်သွားလိုက်ပါ။ အဖြူရောင်လေးက ကြည့်ရတဲ့သူဖို့ရှင်းလင်းနေပြီး အဖြူလေးနဲ့သန့်နေရောဆိုတာမျိုးပေါ့။ Smart လည်းကျသလို ဆွဲဆောင်မှုလည်းရှိနေတဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။ ပထဆုံးတွေ့တဲ့ Date ကလည်းကိုယ့်ကို အမှတ်တွေအများကြီး ရအောင်လုပ်ရမှာဆိုတော့ စမတ်ကျနေဖို့တော့လိုမယ်နော်။

Movie Date

Movie Date ရဲ့ဖက်ရှင်စတိုင်က ပေါ့ပါးပြီးလူငယ်ဆန်ဖို့လိုပါတယ်။အောက်က T shirt အဖြူရောင်လေးကို၀တ်ဆင်သွားပြီး Hoodie၊Pull over ဒါမှမဟုတ် Men Flannel Shirt မျိုးတွဲဝတ်သင့်ပါတယ်။ အောက်က ဘောင်းဘီအတို ဒါမှမဟုတ် Jean Pants လေးတွေနဲ့လည်းလိုက်ဖက်ပါတယ်။ Movie Date လုပ်တဲ့အခါမှာ အင်္ကျီနှစ်ထပ်ဝတ်သွားခြင်းက ကောင်မလေးကအေးနေရင် ကိုယ့်ရဲ့အင်္ကျီလေးကိုပေးဝတ််လိုက်ရင် ကောင်မလေးကကြွေသွားစေမှာပါနော်။

Dinner Date

Dinner Date ကိိုတော့ လူကြီးတစ်ယောက်လို Gentlemenတစ်ယောက်လို ၀တ်သွားသင့်ပါတယ်။ Polo Shirt ဒီဇိုင်မျိုးလေးတွေကို အောက်က Style Pents လေးတွေနဲ့တွဲ၀တ်သွားရင်  ကောင်မလေးတစ်ယောက်အတွက်လုံးဝ Attractive ဖြစ်သွားစေမှာပါနော်။ အော်ဒါနဲ့ Dinner date သွားရင်ကောင်မလေးအတွက် ပန်းစည်းဝတ်သွားပေးဖို့မမေ့နဲ့နော်။

Photo Source – Pinterest