သင်က သဘောကျရတဲ့ Crush နဲ့ အပြင်မှာ ဒိတ်တဲ့အခါ ဒါမှမဟုတ် ချစ်ရသူနဲ့ ဒိတ်တဲ့အခါ သူ့အတွက် အလှဆုံး ဖြစ်နေဖို့ မိတ်ကပ်လိမ်းရတဲ့ အတွေ့အကြုံက ပျော်ဖို့ကောင်းပါတယ်။ မိတ်ကပ်လိမ်းဖို့ Look ဆုံးဖြတ်တဲ့အခါ အရေးကြီးတာက သင်နှစ်သက်တဲ့ ပုံစံ ဖြစ်သင့်ပြီး သင့်ယုံကြည်မှုကို ပိုတိုးစေမယ့် Look မျိုး ဖြစ်သင့်ပါတယ်။ နှုတ်ခမ်းနီရောင် တောက်တောက်လေး၊ အရောင်စုံ Eyeshadow, ကွေးညွတ်တဲ့ Eyeliner နဲ့ တောက်ပတဲ့ Highlight တို့က သင့်အလှကို ပံ့ပိုးပေးမှာပါ။

ဒီတော့ သင် သဘောကျရသူ သင့်အလှမှာ ကြွေကျသွားစေမယ့် Makeup Look တွေကို ကြည့်လိုက်ရအောင်နော်-

ဆွဲဆောင်မှု ရှိတဲ့ Look

သင်က ချစ်ရသူနဲ့ Dinner Date မယ် ဆိုရင် ဒီ Look လေးက သင့်တော်ပါတယ်။ နှုတ်ခမ်းနီ အနီရောင်က ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ အလှတစ်မျိုးပါ။ ယောက်ျားလေးတွေက အနက်ရောင် ဝတ်တဲ့ မိန်းကလေးတွေကို အထာကျတယ်လို့ ထင်မှတ်တတ်ပါတယ်။

Innocent Look

သင်က Cute Look လေးကို ပိုင်ဆိုင်ထားသူဆိုရင်တော့ ဒီ Look နဲ့ လိုက်ဖက်မှာပါ။ မိတ်ကပ်ပါးပါး၊ နှုတ်ခမ်းနီဖျော့ဖျော့လေးက ကလေးလေး တစ်ယောက်လို ထင်ရစေပါလိမ့်မယ်။

Brown Makeup Look

အညိုရောင်မျက်လုံး၊ အညိုရောင် ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ ပျိုမေတွေအနေနဲ့ အညိုရောင်ဘက်သွားတဲ့ မိတ်ကပ် Look မျိုးကို ပြင်ဆင်နိုင်ပါတယ်။

Pinky Makeup

ရှက်သွေးဖြာနေတဲ့ မိန်းကလေးတစ်ယောက်ပုံစံ လိုချင်ရင်တော့ ပါးနီလေးကို ပုံထဲကလို ခြယ်သင့်ပါတယ်။ သင့်ကောင်လေးက သင့်ကို အသည်းယားနေမှာ မလွဲမသွေပဲနော်။

Highlight Look

သင်က ချစ်သူရှေ့မှာ တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Highlighter ကို များများ သုံးပြီး မိတ်ကပ်ခြယ်နိုင်ပါတယ်။

ထင်ပေါ်တဲ့ အလှ

မိန်းကလေးတွေကြားထဲ ထင်ပေါ်နေတဲ့ အလှကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နှာတံကို သေချာဖော်ပြီး နှုတ်ခမ်းနီကို အရောင်ရင့်တာလေး ဆိုးပေးသင့်ပါတယ်

ပြင်ထားတယ် မထင်ရတဲ့ Makeup Look

နှုတ်ခမ်းနီကိုပဲ အသားပေးဆိုးကာ မိတ်ကပ်လိမ်းထားတယ် မထင်ရစေတဲ့ Look က Date Night Time တွေနဲ့ လိုက်ဖက်ပါတယ်။

အဖြူရောင် ဝတ်တဲ့အချိန်

သင်က အဖြူရောင် ဖက်ရှင်ကို ဝတ်မယ်ဆိုရင် မိတ်ကပ်နဲ့ ပေါ်လွင်အောင် ခြယ်သနိုင်ပါတယ်။

Night Makeup

ညဘက်မှာ သင့်အလှကို ပေါ်စေချင်ရင်တော့ ပုံထဲကလို Night Time Makeup Look လေး ခြယ်သင့်ပါတယ်။

မျက်ခုံးပါးပါးလေးနဲ့ Precise Look

သင်က ပြတ်သားတဲ့ မိန်းမသားတစ်ဦးဆိုရင်တော့ မျက်ခုံးကို ခပ်ပါးပါး ခြယ်သင့်ပြီး နှုတ်ခမ်းနီကို ရင့်ရင့်လေး ဆိုးသင့်တယ်နော်။

Eyeliner ထင်ရှားတဲ့ Makeup

သင်က မျက်လုံးကို ပိုထူးခြားသွားစေချင်ရင် Eyeliner ကို မေ့ထားလို့ မရပါဘူး။ ဒီ Eyeliner ကို ဦးစားပေးခြယ်ထားတဲ့ Makeup Look ကလည်း Date အချိန်အခါနဲ့ လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar