ဒူးခေါင်းမဲတာ တံဆောင်ဆစ်မဲတာတွေက ကျန်းမာရေးအတွက်တော့ ပြဿနာမရှိပေမယ့် အဝတ်အစားဝတ်တဲ့အခါ အတိုလေးတွေဝတ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ ဝတ်ဖို့မရဲတာမျိုး ချီတုံချတုံဖြစ်ရတာကို တော်တော်များများကြုံဖူးမှာပါ။ ဒါကြောင့် ဒူးခေါင်းနဲ့တံဆောင်ဆစ်မဲတာကို ပျောက်ကင်းအောင် ကူညီပေးမယ့် သဘာဝနည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

သံပုရာသီး

သံပုရာသီးနဲ့ ဒူးခေါင်းကိုပွတ်ပေးတာ ဒါမှမဟုတ် သံပုရာရည်ကို လိမ်းပေးပါ။ မိနစ် 30 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

နနွင်း

နနွင်းမှုန့်ကို နွားနို့ သို့မဟုတ် ရေနဲ့ရောပြီး ဒူးခေါင်းနဲ့တံဆောင်ဆစ်ကို လိမ်းပေးပါ။ နည်းနည်းကြာအောင်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် အစိုဓာတ်ဖြည့်ဖို့ ပျားရည်နည်းနည်းလိမ်းပေးပါ။

Baking Soda

မုန့်ဖုတ်ဆိုဒါ ၁ ဇွန်းကို နွားနို့ ၁ ဇွန်းနဲ့ ရောပြီး ဒူးခေါင်းနဲ့တံဆောင်ဆစ်ကို လိမ်းပေးပါ။ လိမ်းပြီး ၂ မိနစ် ၃ မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။ ခြောက်အောင်ထားပြီး ခနကြာမှ ရေဆေးပါ။

ရှားစောင်းလက်ပတ်ဂျယ်

အိပ်ရာမဝင်ခင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို ညိုတဲ့နေရာတွေပေါ် တိုက်ရိုက်လိမ်းပေးပါ။ မကြာမကြာလုပ်ပေးရင် ညိုတာလျော့လာတာကို သတိထားမိမှာပါ။