အခုနောက်ပိုင်း Tiktok မှာ ရေပန်းစားလာတဲ့ Topic တွေထဲက တစ်ခုကတော့ Dark Feminine ကိစ္စပါ။ Dark Feminine Energy ဆိုတာကတော့ အမျိုးသမီးတွေရဲ့ စည်းခြားတတ်တဲ့ သတ္တိ၊ ငြင်းရဲတဲ့ သတ္တိ၊ ကိုယ်လိုချင်တာ ရဖို့ ပရိယာယ်အမျိုးမျိုး သုံးတတ်တဲ့ စိတ်၊ ခံစားချက် သိပ်မထားတတ်တဲ့ စွမ်းအင် စတာတွေကို ရည်ညွှန်းပါတယ်။ မိန်းကလေးတိုင်းမှာ ဒီလို Dark Feminine Energy မျိုး အနည်းနဲ့ အများရှိထားသင့်ပါတယ်။ သင်က ဒီလို Energy ရှိချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို သိထားသင့်ပါတယ်။

၁။ မျှော်လင့်ချက်မရှိတော့တဲ့ ပုံစံမျိုး မလုပ်ပါနဲ့

ဒီတစ်ယောက်ကို မရလိုက်လို့ သင့်ဘဝကြီး ပြိးဆုံးသွားပြီ၊ ဒီပစ္စည်း၊ ဒီအရာကို မရလိုက်လို့ ကျရှုံးသွားပြီ စသဖြင့် မျှော်လင့်ချက်လုံးဝမဲ့ပြီး လွှတ်ချတတ်တဲ့ စိတ်ကို လျှော့သင့်ပါတယ်။ သင်ပိုင်ဆိုင်ရမှာ မှန်ရင် ဒီအရာက သင့်ဆီ ရောက်ကိုရောက်လာပါလိမ့်မယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လမ်းလျှောက်ပါ

ကိုယ်လမ်းလျှောက်တာ ဘယ်လိုပုံစံရှိလဲ ပြန်ဆန်းစစ်ကာ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်တတ်ဖို့ လေ့ကျင့်သင့်ပါတယ်။

၃။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ

Dark Feminine Energy ရှိတဲ့ ပျိုမေတို့က ကိုယ်လုပ်စရာရှိတာကို လုပ်နေတတ်ပါတယ်။ ကိုယ်ရသင့်တဲ့အရာက ကိုယ့်ဆီလာမယ်ဆိုတာ ယုံကြည်ထားပြီး ကြားအချိန်မှာတော့ ကိုယ်လုပ်ရမယ့်အရာတွေကို အေးအေးဆေးဆေး လုပ်နေလေ့ရှိပါတယ်။

၄။ အမျိုးသားတစ်ယောက်ကြောင့်

သင်က သင့် အချိန်ဇယားအတိုင်း လုပ်သင့်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ ချိန်းဆိုမှုကြောင့် သင့်အချိန်ဇယားကို ဖြတ်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုအမူအကျင့်ကို Dark Feminine Lady တွေမှာ မတွေ့ရတတ်ပါဘူး။

၅။ လူတွေ ကိုယ့်ကို မလေးမစား ပြုမူတဲ့အခါ

သင့်ရဲ့ တန်ဖိုးကို မသိတတ်တဲ့လူတွေ၊ ဆန့်ကျင်ဘက် လိင် အမျိုးသားတွေနဲ့ ကြုံခဲ့ရင် Dark Feminine Lady တွေက စွန့်လွှတ်ကာ ဝေးဝေးရှောင်လေ့ရှိကြပါတယ်။

၆။ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေကို ဝတ်ပါ

သင်ဝတ်တဲ့ အဝတ်အစားက သင့်စိတ်ကို တစ်စိတ်တစ်ဒေသ သက်ရောက်မှုရှိပါတယ်။ Dark Feminine Lady ဖြစ်ချင်ရင် Dark Feminine Vibe မျိုးရအောင် ဝတ်ဆင်သင့်ပါတယ်။

၇။ အမျိုးသားတွေကို မမှီခိုပါနဲ့

အမျိုးသားတွေရှေ့မှာ အားငယ်တဲ့ပုံစံ လုပ်ပြနိုင်ပေမယ့် ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်တော့ သူတို့ကို မှီခိုစရာမလိုဘူးဆိုတာ သင့်ကိုယ်သင် သတိပေးနေသင့်ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် အလုပ်လုပ်နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar