မင်္ဂလာပါနော်။ ချိုင်းကြား၊ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေဟာ ခြောက်သွေ့တဲ့လေ၊ ရေပူပူ၊ အပူချိန်နည်းနေတာနဲ့ အရည်အသွေးညံ့တဲ့ အလှကုန်ပစ္စည်းတွေ၊ ချိုင်းမွှေးနုတ်တာနဲ့ တံတောင်ဆစ် ၊ ဒူး အထောက်များတာတွေကြောင့် မည်းညစ်နေလို့ စိတ်ညစ်နေလား။

အင်္ကျီလက်ပြတ်ဝတ်ရမှာ ယုံကြည်မှုမရှိဘဲဖြစ်နေတယ်ဆိုရင် သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အခုလို မည်းညစ်နေတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းစေဖို့အတွက် ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ အဲဒီဆဲလ်သေတွေ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်မှ ချိုင်းကြားအသားအရေနဲ့ ဒူး တံတောင်ဆစ်က အသားအရေတွေ ပြန်လည်ကြည်လင်လာမှာဖြစ်ပါတယ်။

သံပုယိုသီး (သို့) သံပုရာသီး ၁ လုံးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရောပါ။ သေချာမွှေလိုက်ပြီးရင် မည်းညစ်နေတဲ့ အသားအရေပေါ်မှာ သေချာပွတ်လိမ်းပေးပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချလိုက်ပါ။

ပြီးရင် သံပုရာသီး နောက်ထပ်တစ်ခြမ်းခြမ်းပြီး အရေပြားပေါ် ပွတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ခြောက်သွေးအော်ထားပါ။ ၃ နာရီ ၄ နာရီလောက်ထိပဲ အလွန်ဆုံးကြာမှာပါ။ သံပုရာသီးက အသားအရေကို သာဘဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။

Vaseline လိမ်းပါ။

Vaseline ကို နေ့တိုင်းပုံမှန်လိမ်းပေးမယ်ဆိုရင် အသားအရေလေး ဖြူဝင်းလာမှာဖြစ်ပါတယ်။ Vaseline ကိုလိမ်းပေးရင် ပလတ်စတစ် ဒါမှမဟုတ် အဝတ်စနဲ့ ပတ်ပေးထားပြီး တစ်ညလုံးထားပါ။ မနက်မိုးလင်းလာရင် ဆေးချလိုက်ပါ။

နောက်ထပ်နည်းလမ်းကောင်းလေးတွေ

မဲညစ်နေတဲ့ ချိုင်းကြား၊ တံတောင်ဆစ်နဲ့ ဒူးခေါင်းကအသားအရေ ပြန်လည်ဖြူဝင်းလာစေဖို့ ခုံပေါ်ထိုင်နေတဲ့အချိန်မှာ တံတောင်ဆစ်ကို အရမ်းမထောက်ပါနဲ့။ ဒူးကိုလည်း ခဏခဏမထောက်ပါနဲ့။

ရေချိုးရင် ရေပူပူနဲ့ မချိုးပါနဲ့။ ရေပူပူနဲ့ ရေချိုးတာဟာ အသားအရေကို ခြောက်သွေ့စေပါတယ်။

တစ်ပတ်ကို တစ်ခါ သကား ၊ သံပုယိုသီး နဲ့ သံလွင်ဆီ ရောပြီး ချေးချွတ်ပေးပါ။ သံလွင်ဆီနဲ့ သကြားကိုသုံးချင်လည်းရပါတယ်။ ဒါမှမဟုတ် သံပုယိုသီးနဲ့ သကြားကိုတွဲသုံးလည်းရပါတယ်။ သံပုယိုသီးရှာရခက်ရင် သံပုရာသီး အစားထိုးသုံးနိုင်ပါတယ်။

ဒီနည်းလမ်းအတိုင်းလုပ်ပြီးရင်တော့ ခရင်မ်တစ်ခုခလိမ်းပေးပါ။ Vaseline ကိုလိမ်းလည်းရပါတယ်။