အလုပ်ပင်ပန်းလာတဲ့အခါ၊ ကွန်ပျူတာ၊ ဖုန်းတွေကြည့်ပါများလာတဲ့အခါ၊ အိပ်ရေးပျက်တဲ့အခါတွေမှာ မျက်ကွင်းတွေ ညိုလာတတ် ပါတယ်။ ပန်ဒါဝက်ဝံလို မျက်လုံးမျိုး ဖြစ်နေရင်တော့ စိတ်မကြည်မလင် ဖြစ်လာနိုင်ပါတယ်။ မိတ်ကပ်နဲ့ ဖုံးလို့မရနိုင်တဲ့အတွက် သဘာဝကုထုံးတွေနဲ့မှသာ သက်သာသွားစေနိုင်မှာပါ။

မျက်ကွင်းညိုလာတာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ လွယ်ကူပြီး အိမ်မီးဖိုချောင်ထဲကနေပဲ ရနိုင်မယ့် ပစ္စည်းတွေပါပဲ။

potato-dark-eyes-remedie

အာလူး

အာလူးကို အခွံနွှာပြီး ကြိတ်ပြီးရလာတဲ့ အနှစ်ကို မျက်ကွင်းတစ်ဝိုက်အုံပေးပါ။ တစ်ပတ်မှာ အနည်းဆုံး ၃ကြိမ် ပြုလုပ်ပေးပါ။ အခွံနွှာပြီး အကွင်းလိုက်လည်း ကပ်ပေးနိုင်ပါတယ်။ သတိထားရမှာတစ်ခုကတော့ အာလူးကို ရေနဲ့ သေချာသန့်စင်အောင် လုပ်ပါ။

သခွားသီး

Cucumber-eyes

သခွားသီးဟာ အရေပြား အတွက်ကတော့ ဆေးတစ်ပါးပါပဲ။ သခွားသီးကို လှီးပြီး မျက်ကွင်းတွေပေါ်မှာ ကပ်ပေးပါ။ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ သခွားသီးဆို ပိုကောင်းပါတယ်။ ၁၅မိနစ်လောက် ကပ်ပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ကြိတ်ပြီး သံပုရာရည်နဲ့ စပ်ပြီး မျက်ကွင်းကို လိမ်းပေးပါ။ မျက်လုံးထဲကို မဝင်စေဖို့ သတိပြုပါ။

သံလွင်ဆီ

သံလွင်ဆီကို မျက်ကွင်းတစ်ဝိုက် လိမ်းပေးပါ။ ဆက်တိုက် ၂ပတ်ကြာတဲ့ အခါ သိသိသာသာ လျှော့နည်းသွားတာ တွေ့ရမှာပါ။

ပူစီနံရွက်

ပူစီနံရွက်ကို ကြိတ်ချေပြီး မျက်ကွင်းတစ်ဝိုက်ကို ကပ်ပေးပါ။ တစ်ပတ်ကို ၃ကြိမ် အနည်းဆုံးပြုလုပ်ပေးပါ။

နနွင်း

နနွင်းကို ရေဖျော်ပြီး ညစဉ် လိမ်းပေးနိုင်ပါတယ်။

Ref: Puakpuak