တင်ပျဉ်ခွေထိုင်တာများတဲ့အခါမျိုးမှာ ခြေကျင်းဝတ်က အသားအရေရဲ့အရောင်က တခြားအသားအရေနဲ့ယှဉ်ရင် ပိုပြီးညိုနေတတ်ပါတယ်။ ဒီလို ခြေကျင်းဝတ်တစ်နေရာထဲ ကွက်ညိုပြီး အသားမညီဖြစ်တာက အလှကြိုက်သူတွေအတွက်တော့ အဆင်ပြေမယ်မထင်ပါဘူး။

ဒါကြောင့် ခြေကျင်းဝတ်ညိုတာကို သက်သာစေပြီး အသားအရေအရောင်ညီစေဖို့နဲ့ အချိန်တိုအတွင်း တောက်ပလာစေဖို့ ထိရောက်တဲ့ အိမ်တွင်းကုထုံးအချို့ကို ဝေမျှပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

လက်လက်ဆတ်ဆတ်ခြစ်ထားတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခြေကျင်းဝတ်မှာ လိမ်းပြီး ငါးမိနစ်လောက် နှိပ်ပေးပါ။ မိနစ်နှစ်ဆယ်ကြာအောင်ထားပြီးမှ ရေအေးနဲ့ ဆေးချလိုက်ပါ။ ရှားစောင်းလက်ပတ်မှာပါတဲ့ Phytochemicals တွေက အသားအရေကို စိုစေပြီး အသားယားတာတွေကို သက်သာစေပါတယ်။

သံပုရာရည်

သံပုရာသီးတစ်လုံးကို လှီးပြီး ခြေကျင်းဝတ်က ညိုနေတဲ့နေရာကို 5-7 မိနစ်လောက် ပွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့ ဆေးချပြီး ခြေကျင်းဝတ်ကို Moisturiser လိမ်းပြီး 15 မိနစ်လောက်ထားလိုက်ပါ။ နေ့တိုင်းလုပ်ပေးရင် 5-6 ရက်အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရမှာပါ။

Sandalwood And Rose Water

ပျစ်ပျစ်လေးရောထားတဲ့ Rose Water နဲ့ စန္ဒကူးအမှုန့်တို့ကို ခြေကျင်းဝတ်မှာ လိမ်းပြီး ၁၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ လုံးဝခြောက်သွားပြီးဆိုမှ ရေအေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် တောက်ပတဲ့ခြေကျင်းဝတ်လေး ပိုင်ဆိုင်နိုင်မှာပါ။